မန်ချက်စတာ မြို့ကို ဆေးစစ်ရန် ရောက်ရှိနေပြီ ဖြစ်ပြီး မန်ချက်စတာ ဒါဘီ မှာ ပါဝင်ဖွယ် ရှိလာတဲ့ ဝက်ဂ်ဟော့စ်

ဝက်ဂ်ဟော့စ် သည် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ရေး ကို မကြာမီက အပြီးသတ်ခဲ့ပြီ ဖြစ်ကြောင်း မီဒီယာများ က ဖော်ပြ သွားကြသည်။




မန်ချက်စတာ ယူနိုက်တက် အသင်းသည် တိုက်စစ်မှူး ဝက်ဂ်ဟော့ ကို အငှားခေါ်ယူ ဖို့ ဘက်ဆစ်တက် အသင်းထံ လျော်ကြေး အဖြစ် ပေါင် 2.5 သန်း ပေးချေဖို့ ညှိနှိုင်းပြီးနောက် သဘောတူညီမှု အလုံးစုံ ရရှိခဲ့ခြင်း ဖြစ်သည်။




ယခု အခါ ဝက်ဂ်ဟော့စ် သည် မန်ချက်စတာမြို့သို့ ဆေးစစ်မှု ခံယူရန် ရောက်ရှိ နေပြီ ဖြစ်သည်။ စနေနေ့တွင် ကစားမည့် မန်ချက်စတာ ဒါဘီ ပွဲစဉ် အမီ ပါဝင် ကစားနိုင်ရန် ဝက်ဂ်ဟော့စ် ၏ အပြောင်းအရွှေ့သည်




အချိန်မီ အပြီးသတ်ဖွယ် ရှိ‌ကြောင်း သိရသည်။ ဘက်ဆစ်တက် အသင်းတွင် အငှားဖြင့် ကစားနေသော ဝက်ဂ်ဟော့စ် ကို ခေါ်ယူနိုင်ရန် အတွက် မန်ချက်စတာ ယူနိုက်တက် သည် စုစုပေါင်း ပေါင် ၂.၅ သန်းခန့် အသုံးပြု ခဲ့ရသည်။




လက်ရှိ ဘောလုံးရာသီ တူရကီ လိဂ်တွင် ဝက်ဂ်ဟော့်စ် သည် စုစုပေါင်း ၁၆ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူထားသည်၊ ဝက်ဂ်ဟော့စ် သည် ဘန်လေ အသင်းနှင့် အတူ ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားရာ



၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဘန်လေ သည် တန်းဆင်း သွားရသည်။ မန်ချက်စတာ ယူနိုက်တက် သည် ကမ္ဘာ့ဖလား အပြီးတွင် ၆ ပွဲ ကစားရာ ၆ ပွဲလုံး အနိုင်ရရှိခဲ့သည်။

credit