အသင်းသားတစ်ဦးဟာ ပြောင်းရွှေကြေးနဲ့ ထိုက်တဲ့ ခြေစွမ်းမျိုး မပြသ တာကြောင့် နောင်တရနေကြောင်း မန်ယူ တာဝန်ရှိသူများ ပြောဆို

Manchester United အသင်း အကြီးအကဲ တွေက ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက တိုက်စစ်သမား အန်တိုနီ ကို ခေါ်ယူခဲ့တာမှာ လိုတာထက် ပိုမို ဈေးကြီးလွန်း ခဲ့တယ် ဆိုတာ အချင်းချင်း ဝန်ခံ ပြောဆိုနေကြပြီ ဖြစ်တယ်လို့ သတင်း ထွက်လာပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေဂျက်စ် မှာ အဲရစ် တန်ဟက်ဂ် ရဲ့ တပည့်ဟောင်း ဖြစ်သူ အန်တိုနီ ကို ပေါင် ၈၅ သန်း အထိ ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ၁၆ ပွဲ ကစားထားရာမှာ အန်တိုနီ က ၅ ဂိုးသာ သွင်းယူထားတာ ဖြစ်ပါတယ်။




အသက် ၂၂ နှစ် အရွယ် ဘရာဇီးလ်သားဟာ မန်ချက်စတာ ယူနိုက်တက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး နဲ့ထိုက်တန်တဲ့ ခြေစွမ်း မပြနိုင်ဘူးလို့လည်း ဝေဖန်မှုတွေ ခံယူနေရပါတယ်။ ESPN သတင်းဌာနရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိ ဘုတ် အဖွဲ့ဝင်များက




ဘရာဇီးလ်သား အတွက် ပေးချေခဲ့ရတဲ့ ဈေးဟာ လိုတာထက် ပိုများမှန်း သိရှိနေကြပြီး အကြောင်းပြချက် တချို့ကြောင့်သာ ခေါ်ယူဖို့ သဘောတူညီ ဖြစ်ခဲ့တယ် လို့ သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူ တစ်ဦးက ကစားသမား တစ်ယောက် အတွက်




လက်ရှိ ဖြစ်သင့်တဲ့ တန်ကြေးထက် အနာဂတ်မှာ သူ ခြေစွမ်းပြလာရင် ဖြစ်လာနိုင်တဲ့ တန်ကြေး အပေါ် ပေးခဲ့ရတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်၊ ဒါ့အပြင် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းဖို့ တက်ကြွမှုကို သဘောကျခဲ့တာ လို့




သိရပါတယ်၊ အေဂျက်စ် အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ မပြောင်းရွှေ့ခင် နည်းပြဟောင်း အဲရစ် တန်ဟက်ဂ် နဲ့ အန်တိုနီ တို့ရဲ့ အပြုအမူ တွေကို သဘော မကျခဲ့ဘူးလို့ သိရပြီး လက်ရှိမှာ




အန်တိုနီ ဟာ မျှော်မှန်း ထားသလောက် အစွမ်း မပြနိုင် သေးပေမယ့် တဖြည်းဖြည်း သူ့ရဲ့ တန်ကြေးက ဂျင်း မဖြစ်ကြောင်း လုပ်ပြနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

credit