အကြိတ်အနယ် ဖြစ်လေ့ ရှိတဲ့ မန်ချက်စတာ ဒါဘီ ပွဲမှာ ဘယ်အသင်း နိုင်ပြီး ဘယ်အသင်း ရှုံးမလဲ ဆိုတာ ခန်းမှန်းပေးလိုက်တဲ့ ခရစ်ဆက်တန်

မနက်ဖြန်မှာတော့ မန်ချက်စတာ ဒါဘီ ပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီး တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်၊ ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ သုံးသပ် ခန့်မှန်းသူ ခရစ်ဆက်တန် က ယခုလို ခန့်မှန်း သွားခဲ့ပါတယ်။




ခရစ်ဆက်တန် က-

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ တကယ်ပဲ အများကြီး တိုးတက်လာခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ သူဟာ ဒီလို စွမ်းဆောင်မှု အတွက် လုံလောက်တဲ့ ချီးကျူးမှုတွေ မရထားဘူးလို့ ထင်ပါတယ်။




မန်စီးတီး အသင်းကတော့ တစ်စုံတစ်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ထင်မိတယ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးကတည်းက ပုံစံကောင်း တောက်လျှောက် ပြသထားနိုင်ခြင်း မရှိခဲ့ဘူးလေ ကစားသမား အချို့ ပုံစံကောင်း ပျောက်ဆုံး နေသလို




နည်းပြ ပက် ဂွာဒီယိုလာ ရဲ့ အပြောင်းအလဲ လုပ်မှုတွေ ကလည်း အကူအညီ မဖြစ်စေခဲ့ပါဘူး၊ ကာရာဘောင် ဖလား ပွဲစဉ်မှာ ပက် ဂွာဒီယိုလာ ဟာ ဖီးလစ် ကို ပွဲထွက် စေခဲ့ပေမယ့် နောက်ဆုံးမှာ အလုပ် မဖြစ်ခဲ့ဘူး၊ ဒါပေမယ့် ဒီပွဲစဥ်မှာ ဟာလန်း၊ ဒီဘရိုင်းနား အပါအ၀င်




မန်စီးတီး အသင်းရဲ့ အဓိက ကစားသမား အစုံအလင် ပြန်လည် ပါ၀င် လာကြမှာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ လက်ရှိမှာ ပုံစံကောင်း ရနေပေမယ့် ကျွန်တော် ကတော့ မန်စီးတီး နိုင်လိမ့်မယ်လို့ ထင်ပါတယ်။




ဒီ တစ်ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီး အသင်း အနေနဲ့ ဂိုးပြတ် အနိုင်ရဖို့တော့ မရှိပါဘူး၊ သူတို့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ခက်ခက်ခဲခဲ ကစားရမှာပါ၊ မန်စီးတီး အသင်း ဂိုးကွာခြားချက် ကြီးကြီး မဟုတ်ဘဲ ကပ်ပြီး နိုင်မယ်လို့ ထင်ပါတယ်။ လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် 1-2 မန်ချက်စတာ စီးတီး

credit