မန်ချက်စတာ ဒါဘီ မှာ မန်ချက်စတာ ယူနိုက်တက် ကို နိုင်ဖို့ မန်စီးတီး နည်းပြက သူ၏ အသင်းခေါင်းဆောင်ကို အသုံးချပြီး စိတ်ဓါတ် စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ထွက်ပေါ်

ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းကို 2-0 ရလဒ်နှင့် အံ့ဩဖွယ် ရှုံးနိမ့်ခဲ့ပြီး နောက်မှာ မန်စီးတီး အသင်းဟာ ကာရာဘောင်ဖလား ပွဲစဉ်ကနေ ထွက်ခွာခဲ့ ရပြီ ဖြစ်ပါတယ်၊ မာရာ နှင့် ဒီဂျန်နီပို တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေက




ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အောက်ခြေမှာ ရှိတဲ့ နေသန်ဂျုံးစ် ရဲ့အသင်း အတွက် အနိုင်ရလဒ် ရရှိ စေခဲ့တာ ဖြစ်ပါတယ်၊ အဆိုပါ ရလဒ်ဟာ စနေနေ့ မန်ချက်စတာ ယူနိုက်တက် နှင့် ကစားမယ့် မန်ချက်စတာ ဒါဘီ ပွဲစဥ်မတိုင်ခင် မန်စီးတီး အတွက် ပက် ဂွါဒီယိုလာ လိုချင်နေတဲ့ ရလဒ် တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။




ယခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ကစားသမားတွေဟာ ပုံစံကောင်း ရရှိနေတာ ဖြစ်ပြီး အင်္ဂါနေ့က ကစားခဲ့တဲ့ ပွဲစဥ်မှာ ချာလ်တန် အသင်စကို 3-0 ရလဒ်နှင့် အနိုင် ရရှိပြီး ဆီမီးဖိုင်နယ် ထိ တက်ရောက် သွားပြီလည်း ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖူလ်ဟမ် အသင်းနှင့် အတူ ကမ္ဘာ့ဖလား ပြီးတဲ့ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အမှတ်အများဆုံး ရယူထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်၊ မန်စီးတီး အသင်းခေါင်းဆောင် ဂမ်ဒိုဂန် ကတော့ ပွဲအပြီး အင်တာဗျူးမှာ ယခုလို့ ဖွင့်ပြော သွားခဲ့ပါတယ်။




ဂမ်ဒိုဂန် က- ဒီလို ကြီးမားတဲ့ ဒါဘီ ပွဲစဥ် မတိုင်ခင်မှာ အခုလို ရှုံးနိမ့်ရတာက ယုံကြည်မှု အတွက် မလွယ်ကူ ပါဘူး၊ ကျွန်တော်တို့ အသင်းက အိုးလ်ထရက်ဖို့ဒ် ကို သွားရောက် ကစားရမှာ ဖြစ်ပြီး အဲ့ဒီမှာ အကောင်းဆုံး လုပ်ထား နိုင်ခဲ့တယ် ဆိုတာကို သိပါတယ်။




ကျွန်တော်တို့ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် က အရင်ကထက် ပိုပြီး ကစားပုံ အများကြီး ကောင်းလာတယ်၊ သူတို့ အသင်းက အခုဆို ယုံကြည်မှု အပြည့် ရှိနေတာဖြစ်ပြီး ပုံစံကောင်းလည်း ပြသ ကစားထားပြီး ဒီနေ့ထက် ပိုကောင်းတဲ့ ကစားပုံမျိုး ရှိဖို့ အတွက် လိုအပ်ပါတယ်။ လို့ ပြောဆိုသွားခဲ့ပါတယ်။




ဂျာမနီ လက်ရွေးစင် ကစားသမားရဲ့ ပြောဆိုပုံ အရ ရိုးသားပုံ ပေါက်သော်လည်း မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကတော့ မယုံကြည်နေတာ ဖြစ်ပါတယ်၊ ဂမ်ဒိုဂန် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားအားကို လျော့ချနိုင်ဖို့ Mind games လုပ်တယ်လို့ ပရိသတ်တွေက ထင်နေကြတာ ဖြစ်ပါတယ်။




ကစားပြောနေတဲ့ အချိန်မှာ သူက ရယ်မောနေခဲ့တယ်၊ လို့ ပရိသတ် တစ်ဦးက ပြောဆိုပါတယ်၊ နောက်တစ်ဦး ကလည်း အင်တာဗျူး တစ်ခုလုံးမှာ သူ့ရဲ့ ပြုံးနေပုံက သိပ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ လို့ ပြောထားပါတယ်၊ တတိယ တစ်ဦးကတော့ ဒီလို လှည့်ကွက်မျိုးကို သူ့ရဲ့ ကစားသမားတွေကို လုပ်ခိုင်းရာမှာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က တော်တယ်၊ လို့ ပြောဆို သွားပါတယ်၊ သူ လုပ်နေတာကို ကျွန်တော်တို့ က မမြင်နိုင်ဘူးလို့ သူက ထင်နေတာပါ။ လို့ အချို့ကလည်း မှတ်ချက်ပေး ထားပါတယ်၊ မန်စီးတီး အသင်းရဲ့ ရှုံးနိမ့်မှုဟာ ပက် ဂွာဒီယိုလာ ရဲ့ နည်းပြ ဘဝ ကွာတားဖိုင်နယ်မှာ ပထမအကြိမ် ရှုံးနိမ့်ခြင်း ဖြစ်ပါတယ်။




ကစားသမား ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့တဲ့ မန်စီးတီး ရဲ့ ကစားပုံက စိန့်မေရီမှာ ဆိုးရွားခဲ့ပါတယ်၊ ကွင်းထဲကို သူထည့် ပေးလိုက်တဲ့ ကစားသမားတွေက ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင်ဖို့ လုံလောက်တယ်လို့ ပက် ဂွာဒီယိုလာ က ယုံကြည် နေခဲ့တာပါ။

ပွဲအပြီးမှာ ပက် ဂွာဒီယိုလာ က

ကျွန်တော့် ကစားသမားတွေက အကောင်းဆုံး ကစားခဲ့ သော်လည်း ဒီနေ့မှာ ကျွန်တော်တို့ အသင်းက အရင်လို မကစား နိုင်ခဲ့ပါဘူး၊ ဆောက်သမ်သန် က ပိုကောင်းပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ ထိုက်တန် ခဲ့ပါတယ်။

တစ်လက်မလောက် နောက်ကျမှ ရောက်လာပြီး ဒီလို ပွဲမျိုး ကစားဖို့ မပြင်ဆင်ခဲ့ဘူး ဆိုရင် ဂိုး သွင်းယူနိုင်မှာ မဟုတ်ပါဘူး၊ ဒါကို ကျွန်တော်တို့ လက်ခံပြီး တိုးတက်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ လို့ ပြောဆိုပါတယ်။

credit