ဒီနေ့ ဒီနေရာကို ရောက်ရှိစေခဲ့တာက နည်းပြဟောင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာတဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်၊ ပေါ်တူဂီသား ကြယ်ပွင့် တိုက်စစ်မှူးဟာ အသက် ၁၈ နှစ် အရွယ်မှာ




၎င်းကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့တဲ့ စကော့ လူမျိုး နည်းပြကြီးရဲ့ ကျေးဇူး တရားကို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ ၂၀၀၃ ခုနှစ်မှာ ပထမဆုံး အကြိမ် မန်ချက်စတာ ယူနိုက်တက် အသင်းကို စပို့တင်း လစ္စဘွန်း ကနေ

ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ တောင်ပံ ကစားသမားဟာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် လက်အောက်မှာ တသက်တာ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် ခရီးလမ်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။




ရော်နယ်ဒို ဟာ ၎င်းရဲ့ အောင်မြင်မှုတွေ အတွက် နည်းပြဟောင်းကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး စကော့တလန် လူမျိုး နည်းပြကြီးဟာ အလွန်တော်တဲ့ ဆရာတစ်ဦး ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်၊ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့




ရော်နယ်ဒို က LiveScore နဲ့ အင်တာဗျူးရာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချဲလ်ဆီး အသင်း တို့ရဲ့ ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အကြောင်းကို ပြောကြားခဲ့တာ ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ် မှာ ဆာအဲလက်စ် ဖာဂူဆန် လက်အောက်က




အချိန်တွေကို ပြန်ပြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်၊ ဘော့စ်က ခေါင်းဆောင် ဖြစ်ခဲ့တယ်၊ ကစားသမားတိုင်းက သူ့ရဲ့ အကြံဉာဏ် သူ့ရဲ့ နည်းဗျူဟာ သူ့ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ကြရတယ်၊ ကျွန်တော့် အတွက်တော့




အကြိမ်ပေါင်း များစွာ ပြောခဲ့တဲ့ အတိုင်းပါပဲ သူက မန်ချက်စတာ ကို အသက် ၁၈ နှစ် အရွယ်နဲ့ ရောက်လာတဲ့ အချိန်မှာ ကျွန်တော့်ကို နေရာမှန်ကို ပို့ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဘောလုံး ဖခင်တွေထဲက တစ်ဦးပါ၊ သူက ဒီနေ့လို ကျွန်တော် ဖြစ်နေစေမယ့်




အရာ အများအပြားကို သင်ကြား ပေးခဲ့တယ်၊ ကျွန်တော့် အောင်မြင်မှုတွေက သူနဲ့လည်း နည်းနည်း ဆိုင်ပါတယ်၊ အဲဒါကြောင့် သူ ကျွန်တော့်ကို လုပ်ပေးခဲ့တဲ့ အရာတွေ အတွက် ကျေးဇူး တင်မိပါတယ်။ လို့ ပြောကြားခဲ့ တာပဲ ဖြစ်ပါတယ်။

credit