မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဗက်ဟို့စ် က ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ ရှင်းပြသွားတဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်ရှိလာမယ့် ကစားသမားသစ် ဗက်ဟို့စ် က ပြင်သစ် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူး လို ကစားသမားမျိုး ဖြစ်လာ နိုင်တယ်လို့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ် အီဗရာ က ပြောဆိုလိုက်ပါတယ်။




ဆောင်းဈေးကွက်မှာ တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူသွားဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ကစားသမား တော်တော် များများနဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် ဘန်လေ ကြယ်ပွင့် တိုက်စစ်မှူး ဗက်ဟို့စ် ကိုသာ ခေါ်ယူဖို့ ဖြစ်လာခဲ့ပါတယ်၊ ဗက်ဟို့စ် ဟာ




ဒီနှစ် ဘောလုံးရာသီ အတွင်း တူရကီကလပ် ဘက်ဆစ်တပ် အသင်းမှာ အငှားနဲ့ ပါဝင် ကစားနေတဲ့ ဗက်ဟို့စ် ကို မန်ချက်စတာ ယူနိုက်တက် က ရာသီကုန်ထိ ထပ်မံ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ ကစားသမားက မန်ချက်စတာ ယူနိုက်တက် မှာ လာရောက် ကစားဖို့




စိတ်အား ထက်သန်တာကြောင့် အပြောင်းအရွေ့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်၊ အရပ်အမောင်း မြင့်မားလှတဲ့ တိုက်စစ်မှူး ဗက်ဟို့စ် နဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဟောင်းကြီး အီဗရာက ကစားသမား တစ်ယောက် အနေနဲ့ သူနဲ့ ပတ်သတ်ပြီး




သဘော ကျမိတာက သူ့ကို ကြည့်ရတာ အိုလီဗီယာ ဂျရူး ကို နည်းနည်း သတိရ သွားစေသလိုပဲ၊ သူက ဂိုးတွေ သွင်းယူပြတယ်၊ သက်လုံနဲ့ ကစားတယ်၊ ရုပ်ပိုင်းဆိုင်ရာ အရလည်း သန်မာတယ်၊ နောက်ပြီး ဘောလုံးကို ဘယ်လို ထိန်းထားရမလဲ ဆိုတာလည်း သိပါတယ်။




လို့ မှတ်ချက်ပြု ပြောဆို သွားခဲ့ပါတယ်၊ အီဗရာ က မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းထွက် ခဲ့တဲ့ ပေါ်တူဂီ တိုက်စစ် ကစားသမား ဂျာအို ဖီးလစ် ကိုတော့ ဂိုးသွင်းယူနိုင်မယ့် တိုက်စစ်မှူးမျိုး မဟုတ်ကြောင်း ပြောဆိုခဲ့ ပါသေးတယ်၊ ဗက်ဟို့စ် ဟာ




ဘန်လေနဲ့ အတူ ပရီးမီးယားလိဂ် ကို ရောက်ရှိ ခဲ့တုန်းက သူရဲ့ သွင်းဂိုး မှတ်တမ်းတွေဟာ အထင်ကြီးစရာ မရှိခဲ့ ပေမယ့်လည်း ဝုလ်ဖ်ဘတ်၊ အေဇက် အယ်ခမာ အသင်းတို့ မှာတော့ သူရဲ့ ဂိုး ပမာဏတွေက အားရစရာ အနေအထားမှာ ရှိနေပါတယ်။

credit