မန်ချက်စတာ ဒါဘီ ရဲ့ ပြင်းထန်မှု အကြောင်း ကစားသမားဟောင်း တစ်ဦးရဲ့ အဖြစ်နဲ့ ရှင်းပြသွားတဲ့ ဖာဒီနန်

ဂန္တဝင် နည်းပြကြီး ဖာဂူဆန် ဟာ မန်ချက်စတာ ဒါဘီ ရှုံးပွဲ အပြီးမှာ မန်စီးတီး ကစားသမားနဲ့ ရှပ်ချင်း လဲခဲ့တဲ့ နစ္စတယ်လ်ရွိုင်း ကို ဒေါသ အကြီးအကျယ် ပေါက်ကွဲ ခဲ့တယ်လို့ ရီယို ဖာဒီနန် က ပြန်ပြောင်း ပြောပြဆို လိုက်ပါတယ်။




လိဒ်စ် ယူနိုက်တက် ကနေ ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့လာပြီး နောက် ဖာဒီနန် ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး မန်ချက်စတာ ဒါဘီ မှာ မန်စီးတီး အိမ်ကွင်းဟောင်း မိန်းရုဒ် မှာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် အတွင်း




၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်၊ ရှောင် ဂုတ်တာ က ၂ ဂိုး အနယ်လ်ကာ က တစ်ဂိုး သွင်းယူ နိုင်ခဲ့ပြီး အိုလေ ဂန်နာ ဆိုးလ်ရှား က မန်ချက်စတာ ယူနိုက်တက် အတွက် တစ်ဂိုး သွင်းယူပေး ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ နော်ဝေ တိုက်စစ်မှူးရဲ့ အသင်းဖော်ဟာ




အငြင်းပွားဖွယ် အပြုအမူကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ နစ္စတယ်ရွိုင်းလ် ဟာ မန်စီးတီး ရှပ်နဲ့ အတူ အဝတ်လဲခန်း ထဲကို ဝင်လာခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ မန်ချက်စတာ ဒါဘီမှာ အနိုင် ရရှိဖို့ ရေပန်း အစားဆုံး ဖြစ်ခဲ့ပေမယ့်လည်း




ရှုံးနိမ့်ခဲ့တဲ့ အတွက် ဖာဂူဆန် က ဒေါသ ထွက်ခဲ့တာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ မိန်းရုဒ် မှာ ရှောင် ဂုတ်တာက ၂ ဂိုး သွင်းပြီး ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တယ်၊ အဲဒီ ပွဲစဥ်က ကျွန်တော် ပထမဆုံး ကစားခဲ့တဲ့ ဒါဘီ ဖြစ်ပြီး ပွဲအပြီး အဝတ်လဲ ခန်းထဲမှာ ဒီပွဲက ဘယ်လောက် အထိ




ကြီးမားလဲ ဆိုတာကို ကျွန်တော် သိသွားခဲ့ရတယ်၊ ကျွန်တော်တို့ အဝတ်လဲ ခန်းထဲကို ဝင်လာခဲ့ပြီး နည်းပြ က တံခါးကို ပိတ်လိုက်တယ်၊ အခန်းထဲမှာ တိတ်ဆိတ် နေခဲ့ပြီး ရုတ်တရက် သူ ထ ပေါက်ကွဲခဲ့တယ်၊ အဲဒီ အချိန်တုန်းက ဘရားသခင် ဖြစ်နေခဲ့တဲ့

နစ္စတယ်လ်ရွိုင်း က မန်စီးတီး ရှပ်ကို လက်က ကိုင်ပြီး ဝင်လာခဲ့တယ်၊ ကျွန်တော် မှတ်မိသေးတယ် ဖာဂူဆန် က သူ့ကို လုံးဝ ဒေါသတကြီးကို ပြောဆိုခဲ့တာ သူက သူ့ကို မန်စီးတီး ရှပ်နဲ့ မင်းတို့ထဲက ဘယ်သူမဆို လမ်းလျှောက် လာတာ မြင်ခဲ့ရင် ဒီအသင်း အတွက်




မင်းတို့ ထပ် ကစားရတော့မှာ မဟုတ်ဘူး လို့ ပြောခဲ့တယ်၊ သူက အဲဒီအတိုင်း ဖြစ်ခဲ့ပြီး သူ စိတ်ဆိုး နေခဲ့တယ်၊ ကျွန်တော် အဲဒီမှာ ထိုင်ခဲ့တဲ့ အချိန်မှာ တွေးမိခဲ့ တာက ဒါက ပွဲကြီး တစ်ပွဲပဲ ဟုတ်တယ်မလား ဆိုပြီးတော့ပါ၊ အဲဒီပွဲ မတိုင်ခင်က မသိခဲ့ဘူး။

အဲဒီ ကိစ္စ ပြီးကတည်းက ခင်ဗျား အနိုင် ပိုရတာ ဒါမှမဟုတ် အနိုင် သိပ်မရတာပဲ ဖြစ်ဖြစ် ဒါဘီပွဲ ရှိတဲ့ အပတ်က အသေအကြေပဲ ဆိုတာကို သိခဲ့တယ်။ လို့ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

credit