မန်ချက်စတာ ဒါဘီ ပွဲစဉ် အတွက် အီဗရာ ရဲ့ ပွဲကြို ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံ လူဟောင်း ဖြစ်သူ ပက်ထရစ် အီဗရာ က ယခု တစ်ပတ် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ် အတွက် ခန့်မှန်း ပေးသွားခဲ့ ပါတယ်။




ကျနော်တို့ မန်စီးတီး အသင်းကို နာကျင်မှု ပေးစွမ်းနိုင် ပါတယ်၊ မန်စီးတီး ကို ဘယ်တော့မှ မလေးမစား တော့ မလုပ်ပါဘူး၊ ဒါပေမယ့် ဒီ ပွဲစဉ်က ၅၀ / ၅၀ ပွဲလို့ ကျနော် ထင်နေပါတယ်၊ မန်စီးတီး တို့ ပွဲအစ ကောင်းပြီး




ပွဲစဥ် အတွင်းမှာ သူတို့ရဲ့ ကစားဟန်ကို တိုးတက် လာခဲ့မယ် ဆိုရင် ဒါက ပြိုင်ဘက် အတွက် ရှည်လျားတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာပါ၊ မန်စီးတီး ဟာ တအားကို တောင့်တင်းတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်၊ ဒါက ကျနော်တို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှုပါ။




ခန့်မှန်းရတာ ကလည်း သိပ်ကို ခက်ခဲပါတယ်၊ မာရက်ဇ် ဟာ ဒီအချိန်မှာ အကောင်းဆုံး ပုံစံကို ရှိနေတယ်၊ ဒါဟာ ဒါဘီ ပွဲစဉ် ဖြစ်တာကြောင့် big score ကို ကျနော် မမျှော်လင့် ထားပါဘူး၊ ကျနော် ကတော့ မန်ချက်စတာ ယူနိုက်တက်တို့ ၂-၁ နဲ့ အနိုင် ရသွားလိမ့်မယ်လို့




မြင်နေပါတယ်၊ ဒါပေမယ့် မန်စီးတီး ဘက်က နိုင်သွားမယ် ဆိုရင်လည်း အံ့အား သင့်စရာတော့ မဟုတ်ပါဘူး၊ ဘယ်ဘက်မဆို သွားနိုင်ပါတယ်၊ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပွဲတုန်း ကလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အဲဒီ ပွဲကနေ သင်ယူ သွားရမှာပါ။




ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် ၂-၁ မန်စီးတီး

credit