မန်စီးတီး ဒုက္ခပေးစွမ်းဖို့ ဆန္ဒ ပြင်းပြ နေကြောင်း ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီက‌နေ့ ည ၇ နာရီမှာ မြို့ခံ ပြိုင်ဘက် မန်စီးတီး အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီပွဲကို




အနိုင်ရရင် သူတို့ နှစ်သင်းကြား ကွာဟချက်ကို တစ်မှတ် အထိ လျော့ကျ သွားစေမှာ ဖြစ်ပြီး မန်စီးတီး ကို ဒုက္ခပေးဖို့ အတွက် လုပ်ဆောင်နိုင် တယ်လို့ နည်းပြ အဲရစ် တန်ဟက်ဂ် က ယုံကြည်နေပါတယ်။




ကျွန်တော့် ကစားသမားတွေက မန်စီးတီး ကစားသမား အားလုံးနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်တယ်၊ ဆုဖလားတွေ လိုချင်ရင် အကောင်းဆုံးတွေနဲ့ ပြိုင်ရမှာပဲ၊ မန်စီးတီး က အကောင်းဆုံး ပဲလေ၊ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို စိန်ခေါ်ဖို့ မျှော်လင့် နေတာပါ။




လို့ အဲရစ် တန်ဟက်က် က ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ်၊ မန်စီးတီး နဲ့ ယှဉ်ပြိုင်ဖို့ ဒီည ပွဲထွက် လူစာရင်းမှာ အဲရစ် တန်ဟက်ဂ် အတွက် ခေါင်းကိုက်စရာ အချို့တော့ ရှိနေပါတယ်၊ ဒါလော့ ပွဲကို လွဲချော်ရမှာ ဖြစ်သလို အငှား ခေါ်လိုက်တဲ့ တိုက်စစ်မှုး




ဗက်ဟို့စ် ကလည်း ချက်ချင်း ပါဝင်နိုင်ဦးမှာ မဟုတ်တာကြောင့် မာရှယ်ရဲ့ ကြံ့ခိုင်မှု အနေအထား အပေါ် ကြည့်ပြီး နောက်ကျ ဆုံးဖြတ်ချက် ချရမှာပါ၊ ဒါ့အပြင် ဗန်ဒီဘိခ် က ညာဘက်ဒူး ခွဲစိတ်မှု လုပ်ပြီးနောက်ပိုင်း လက်ကျန် ရာသီကို အနားယူရမှာ ဖြစ်ကြောင်း




မန်ချက်စတာ ယူနိုက်တက် နည်းပြ ကိုယ်တိုင် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ရာသီအတွင်းမှာ ဆိုးရွားတဲ့ ဒဏ်ရာရတစ်ခု ရလိုက်တာက စိတ်ညစ်စရာကောင်းပါတယ်၊ ဒါပေမယ့် ရာသီကြို အစမှာ သူပြန်လာ လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လို့ အဲရစ် တန်ဟက်ဂ် က အသိပေးခဲ့တာ ဖြစ်ပါတယ်။

credit