မန်ချက်စတာ ယူနိုက်တက် ရဲ့ ချေပဂိုး နဲ့ ပတ်သက်ပြီး အငြင်းပွားမှု အပေါ် တုန့်ပြန် ဖြေရှင်းလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ဒါဘီ ဒုတိယပိုင်း ၇၈ မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးက လူကျွံ အနေအထားမှာ ရှိနေခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေ အတွက် တုံ့ပြန်သွား ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲ ကစားချိန်




မိနစ် ၆၀ မှာ ဂရီးလစ်ရှ် ရဲ့ ခေါင်းတိုက် သွင်းဂိုးကြောင့် ချေပဂိုး ရရှိဖို့ နောက်ကနေ လိုက်ကစားခဲ့ ရတာ ဖြစ်ပြီး ၇၈ မိနစ်မှာ ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့် ဖာနန်ဒက်စ် က အငြင်းပွားဖွယ် သွင်းဂိုးကို သွင်းယူသွား ခဲ့တာ ဖြစ်ပါတယ်၊ ကတ်စမဲရိုး က ကွင်းလယ် ကနေ ဘောလုံးကို




မျှောထိုး ပေးလိုက်ချိန်မှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ လူကျွံ အနေအထားမှာ ရှိနေခဲ့ ပေမယ့်လည်း ဘောလုံးကို မထိတွေ့ခဲ့ဘဲ ဂိုးကန် သွင်းဖို့ အခွင့်အရေး ပိုကောင်းမွန်တဲ့ ဘရူနို ဖာနန်ဒက်စ် အတွက် ရှောင်ပေးခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ရပ်ရှ်ဖို့ဒ် ဟာ ဘောလုံးကို မထိတွေ့ပေမယ့်




ပြိုင်ဘက် ကစားသမားတွေ အာရုံ ထွေပြားအောင် လုပ်ခဲ့တာကြောင့် IFAB ကစားပွဲ ဥပဒေသ လက်စွဲ စာအုပ်ထဲက ဥပဒေသ ၁၂ နဲ့ ငြိစွန်းခဲ့ပြီး ဖာနန်ဒက်စ် ရဲ့ သွင်ဂိုးက လူကျွံဘော သတ်မှတ်ခြင်း ခံခဲ့ရမှာ ဖြစ်ပါတယ်။ စည်းကြပ်ဒိုင် ဟာ အစပိုင်းမှာ လူကျွံအလံ ထောင်ပြီး




ငြင်းပယ်ခဲ့ ပြီးနောက် VAR နဲ့ ပြန်လည် စစ်ဆေးခဲ့ပြီး ကွင်းလယ်ဒိုင် စတူးအက် အတ်ဝဲလ်က ဂိုးခွင့်ပြု ပေးခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ဒါဘီ ပွဲစဥ် အပြီးမှာ ချဲလ်ဆီး ဂန္တဝ င်ဂိုးသမားကြီး ပီတာချက် က ဖာနန်ဒက်စ် ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပထမ ဂိုးက စည်းမျဉ်းတွေ သတ်မှတ်ခဲ့တဲ့ လူတွေက ဘောလုံးပြိုင်ပွဲ အကြောင်းကို နားမလည်ဘူး ဆိုတာ သက်သေ ပြသခဲ့တာပဲ လို့ ရေးသားခဲ့ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ ကလည်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ပထမဂိုးဟာ




ခွင့်ပြုမခံခဲ့ရ သင့်ဘူးလို့ ခံစားခဲ့ရပြီး ပွဲအပြီး အင်တာဗျူးမှာ ရပ်ရှ်ဖို့ဒ် က လူကျွံနေခဲ့တယ်၊ သူက ကျွန်တော်တို့ ဂိုးသမားနဲ့ နောက်ခံလူတွေကို အာရုံနောက်အောင် လုပ်ခဲ့တယ်။ လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ဘရူနို ဖာနန်ဒက်စ်ကတော့ အငြင်းပွားစရာ ဖြစ်နေတဲ့ ၎င်းရဲ့ ချေပဂိုးနဲ့ ပတ်သက်ပြီး

ကျွန်တော် ထင်တာက ကျွန်တော်က ဂိုးနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေလို့ မားကပ်စ် က ကျွန်တော့် ကို ပိုပြီး ကောင်းမွန်တဲ့ အနေအထားမှာ ရှိတယ်လို့ တွေးခဲ့ မိပါလိမ့်မယ်၊ ကျွန်တော်တို့ ထဲက ဘယ်သူ လူကျွံနေခဲ့လဲ ဒါမှမဟုတ် မကျွံဘူးလဲ ဆိုတာ ကို ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် အဲဒါက




သိပ်တော့ ကွာခြားမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ ဘယ်သူကမှ သူနဲ့ နီးနီး ကပ်ကပ် ရှိမနေခဲ့လို့ပါ၊ အဲဒီတော့ မန်စီးတီး က ခုခံရမှာပါ၊ နီးကပ်တဲ့ တစ်ဦးတည်းသော သူက ကျွန်တော့်နားမှာ ကပ်နေတဲ့ သူပါ။ လို့ ပြောကြားသွားခဲ့ပါတယ်။

credit