အဆင့် 3 ကို တက်လှမ်းခဲ့တဲ့ ပွဲမှာ ယူနိုက်တက်တို့ မန်စီးတီးကို ဘယ်လို ဒုက္ခပေးခဲ့ကြ သလဲ ထူးထူးခြားခြား ပြောစရာများ
|မနေ့ညက ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့ အိုးလ်ထရပ်ဖို့ဒ်မှာ မန်ချက်စတာ ဒါဘီပွဲ ကစားခဲ့ကြပြီး သရဲနီ တို့က 2-1 နဲ့ နိုင်ပွဲ ဆက်ခဲ့ပြန် ပါတယ်။ ပွဲစဥ်ရဲ့ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ ကြီးမားတဲ့ အခွင့်အရေး နှစ်ကြိမ် ရရှိခဲ့ပေမယ့်
အဆုံးသတ် ညံ့ခဲ့တဲ့ အတွက် ဂိုးမရခဲ့ပါဘူး၊ ဒုတိယပိုင်းမှာတော့ မန်စီးတီးမှ လူစားဝင်လာတဲ့ ဂရီလစ်ရှ် က ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်၊ ဒါပေမယ့် ပွဲချိန် 78 မိနစ်မှာ ရပ်ရှ်ဖို့ ရဲ့ ပါးနပ်မှုကြောင့် ဘရူနို ဖာနန်ဒက်စ် က ခြေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးက လူကျွံခဲ့တယ်လို့ ထွက်ပေါ်နေပြီး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုတွေ အရလဲ အမှန်အမှား လွန်ဆွဲနေဆဲ ဖြစ်ပါတယ်၊ နောက်ထပ် 4 မိနစ် အကြာမှာတော့ ဂါနာချို ရဲ့ ဖန်တီးမှုက တဆင့် ရပ်ရှ်ဖို့ ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်၊ ပွဲချိန် 90 မိနစ်မှာတော့
နည်းပြ အဲရစ် တန်ဟက်ဂ် က ခံစစ် ကစားသမားတွေ ထည့်သွင်းခဲ့ပြီး ထိန်း ကစားခဲ့ပါတယ်၊ ဒီ ရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ မန်စီးတီးအောက် တစ်မှတ် အကွာ၊ အာဆင်နယ်နဲ့ ခြောက်မှတ် အကွာ အဆင့် 3 နေရာကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ခုနှစ်ပွဲ ဆက်တိုက် ဂိုးသွင်းယူ နိုင်ခဲ့ သလိုအိမ်ကွင်းမှာလည်း 9 ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် သမိုင်းရဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်၊ ကမ္ဘာ့ဖလားပြီးနောက် မန်ချက်စတာ ယူနိုက်တက် တို့ ရာနှုန်းပြည့် နိုင်ပွဲ ရယူ နိုင်ခဲ့တဲ့ ပွဲမှ သရဲနီတို့ရဲ့ အကောင်းအဆိုးနဲ့ အကြောင်းအကျိုးကို ဖော်ပြပေးလိုက်ပါတယ်။
ဒီဂီယာ 6- လက်ထက် ခြေထောက်ကို အသုံးပြု ကစားခဲ့ပါတယ်၊ ပေးဂိုး အတွက် လုပ်နိုင်ခွင့် မရှိခဲ့ပါဘူး။
ဘစ်ဆာကာ 7- ခံစစ် အတော်လေး လုံခဲ့ပြီး တိုက်စစ် လိုက်ပါ ကစားချိန်မှာ ဘစ်ဆာကာမှ ဟုတ်ရဲ့လား လို့ တွေးရလောက်တဲ့ အထိ တိုးတက်လာခဲ့ပါတယ်။
ဗာရန်း 7- ဟာလန်းကို ထိန်းကစားနိုင်ခဲ့ပြီး အမြင့်ဘော တွေလည်း တည်တည် ငြိမ်ငြိမ် လက်ဦး ရယူနိုင်သူ ဖြစ်ပါတယ်။
ရှော 7- ဗာရန်း နဲ့ အတွဲအဖက် ညီညီ ကစားနိုင် ခဲ့ပြီး ခြေစွမ်းကောင်း ပြသနိုင် ခဲ့ပါတယ်၊ လိုအပ်ချိန်တွေမှာ တိုက်စစ်ထိ လိုက်ပါ ကစားပေး ခဲ့ပါတယ်။
မာလာစီယာ 6- ပွဲထွက်ခွင့် ထပ်မံ ရရှိခဲ့တဲ့ ပွဲမှာ ပထမ အကျော့ တုန်းကထက် ပိုပြီး ကောင်းပြ နိုင်ခဲ့ပါတယ်၊ ဂရီလစ်ရှ် ရဲ့ ပေးဂိုး အတွက်တော့ အမှား မကင်းခဲ့ပါဘူး။
ကတ်စမဲရိုး 6- ဒီဘရိုင်း နဲ့ ရိုဒရီ ကို ထိန်းချုပ်ဖို့ အခက် တွေ့ခဲ့ပါတယ်၊ ဒီဘရိုင်းမှ ဂရီလစ်ရှ် ဆီ ဘောလုံးပေးပို့ ချိန်မှာ မဖြတ်တောက် နိုင်ခဲ့ပါဘူး။
ဖရက်ဒ် 8- ကတ်စမဲရိုး ကို ကူညီပေး နိုင်ခဲ့ပြီး တိုက်စစ် လိုက််ပါနိုင်တဲ့ ကစားသမား လိုအပ်နေတဲ့ ပွဲစဥ်မျိုးမှာ ပွဲထွက်ခွင့် ရရှိိခဲ့ပြီး ဒီဘရိုင်း ကို အတော်လေးကို ဒုက္ခပေး နိုင်ခဲ့ပါတယ််။
အဲရစ်ဆင် 5- နံပါတ် 10 နေရာမှာ ကစားခဲ့ပြီး ပထမပိုင်း ချိတ်ဆက် ကစားပုံ ထိချက် ကောင်းခဲ့ပေမဲ့ ဒုတိိယပိုင်း မှာတော့ ပျောက်ဆုံး နေတဲ့ အတွက် နည်းပြရဲ့ လူစားလဲခြင်း ခံခဲ့ရပါတယ်။
ဘရူနို 7 အခွင့်အရေးကောင်း တစ်ကြိမ် ဆုံးရှုံး ခဲ့ပေမဲ့ အကောင််းဆုံး ပြန် ကစားခဲ့ပြီး အရေးကြီးတဲ့ ခြေပဂိုး ကို သွင်းယူပေး နိုင်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ် 8- ကမ္ဘာ့ဖလား ပြိုင်ပွဲထဲက ဂိုးမြူးလာတဲ့ ရပ်ရှ်ဖို့ဒ် ဟာ ဒီပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး အဖိုးတန် ခြေပဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။
မာရှယ် 4- ဒဏ်ရာကြောင့် ပွဲတွေ သိပ် မကစားခဲ့ ရတဲ့ ကစားသမားဟာ အခွင့်အရေး မကြာခန ရရှိချိန်မှာ ခြေစွမ််း မပြသနိုင် ခဲ့ပဲ ရုန်းကန်ခဲ့ ရပါတယ်။
လူစားဝင် ကစားသမားများ အန်တိုနီ 5၊ ဂါနာချို 7၊ မာတီနက် NA၊ တွမ်မီနေး NA မက်ဂွိုင်းယား NA တို့ပဲ ဖြစ်ပါတယ်။
credit