ဒါဘီမှာ အနိုင်ရခဲ့ ပေမယ့် မကျေမနပ် ဖြစ်နေတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မနေ့ညက မန်ချက်စတာ ဒါဘီ ပွဲကို အနိုင် ကစားခဲ့ပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အာဆင်နယ်နဲ့ 6မှတ် အကွာကို တက်လှမ်း နိုင်ခဲ့ပေမယ့် ချန်ပီယံဆု အတွက် အိပ်မက် မက်ထားတာမျိုး မရှိဘူးလို့ ပြောဆိုပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက အိမ်ကွင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်း မိနစ် 60မှာ ဂျက် ဂရီလစ်ရှ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ဂိုး ပေးခဲ့ရပါတယ်၊ ပွဲချိန် 78 မိနစ်နဲ့ 82 မိနစ်မှာတော့ ဘရူနိုနဲ့ ရပ်ရှ်ဖို့ဒ်က ချေပ နိုင်ခဲ့ပါတယ်။




ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးနောက် ရာနှုန်းပြည့် နိုင်ပွဲ ရယူနိုင်ခဲ့တာပါ၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ 7 ပွဲဆက် နိုင်ပွဲလည်း ဖြစ်ပါတယ်၊ ပရိသတ်တွေဟာ အခုလို ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေတာကို အားရ ကျေနပ် နေကြပြီး ချန်ပီယံဆု ဆွတ်ခူးဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။




သို့ပေမယ့် နည်းပြ Erik Ten Hag က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပရိသတ်တွေ အနေနဲ့ အိပ်မက် မက်ခွင့် ရှိကြောင်း ပြောဆိုခဲ့ပေမဲ့ သူ့အနေနဲ့က အိပ်မက် မက်နေတာမျိုး မရှိပဲ ဆက်ကြိုးစားဖို့ပဲ တွေးကြောင်း ပြောဆိုပါတယ်၊ Erik Ten Hag က-




ပရိသတ်တွေ အိပ်မက်တွေ မက်နိုင်ပါတယ်၊ ကျွန်တော်တို့ ကတော့ မရပါဘူး၊ ကျွန်တော်တို့ ခြေထောက်တွေ မြေပြင်ပေါ်မှာ မြဲမြံနေဖို့ လိုအပ််ပါတယ်၊ ကျွန်တော်တို့ ပွဲစဥ်တွေ ဆက်တိုးတက်ဖို့ လိုသေးတယ်၊ ပထမပိုင်း ပြီးချိန်မှာ ပွဲကို ထိန်းချုပ််နိုင်စွမ်း မရှိတာမျိုး အဖြစ် မခံနိုင်ဘူး။ ဒီီလို ကျဆင်းသွားတာကို လုံးဝ




မလိုအပ်တဲ့ အရာ တစ်ခုပါ၊ မှန်ကန်တဲ့ အရာတွေဆက် လုပ်ကြမယ်၊ စည်းမျဥ်း တွေကိုလည်း မှန်မှ န်ကန်ကန် လိုက်နာမယ် ဆိုရင် ပွဲကို ထိန်းချုပ်ပြီး ပထမပိုင်း လို ကစားနိုင်မှာပါ၊ ထိပ်တန်း ပွဲတွေမှာက အသေးအမွှားကစ ကြီးမားတဲ့ အကျိုး သက်ရောက်မှုကို ဖြစ်စေနိုင်တယ်။




အခွင့်အရေးကို အသုံးချရာမှာလည်း ဆက် တိုးတက်ဖို့ အားထုတ် ရဦးမှာပါ၊ ကျွန်တော်တို့ တိုးတက် လာခဲ့ကြတယ်၊ ဒါက ထင််ရှားတယ်၊ ဒါပေမယ့် အဝေးကြီး ခရီး ဆက်ရဦးမယ်၊ ဆက် တိုးတက်ဖို့ ကြိုးစားရပါဦးမယ်၊ ကျွန်တော်က တော်ရုံ တန်ရုံနဲ့ မတင်းတိမ် တတ်သူ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit