အနာဂတ် အတွက် ပစ်မှတ်ထားကာ ဒတ်ခ်ျ ကစားသမား ဆယ်နှစ်ဦး ကျော်ကို မန်ချက်စတာ ယူနိုက်တက် ကင်းထောက်များအား စောင့်ကြည့်ရန် စေလွှတ်ထားသည့် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဒတ်ချ် လူငယ် ကစားသမား ဆယ်နှစ်ဦးကျော်ကို စောင့်ကြည့်ဖို့ရန် အသင်းမှ ဘောလုံး ကင်းထောက်များကို ညွှန်ကြားထားပြီး ဒတ်ချ် လိဂ်မှ ကစားသမား အချို့ကို မန်ချက်စတာ ယူနိုက်တက် ဆီ ထပ်မံ ခေါ်ယူ လိုနေ‌ကြောင်း သိရပါတယ်။




အဲရစ် တန်ဟက်ဂ် ဟာ ဒတ်ချ် လိဂ်မှ ကစားသမားများ ဖြစ်ကြတဲ့ မာလာစီယာ၊ အန်ထော်နီ နဲ့ မာတီနက်ဇ် တို့ သုံးဦးကို အသင်းထံ ခေါ်ယူထားပြီး ဖြစ်ပြီး အခြား ဒတ်ချ် ကစားသမားများ အဖြစ် ဗန်ဒီဘိခ် ရှိသလို ဝဂ်ဟော့စ် ကိုလည်း အငှားနဲ့ ခေါ်ယူထား နိုင်ခဲ့ပါတယ်။




အဲရစ် တန်ဟက်ဂ် ဟာ ဟော်လန် မှ ကစားသမားများကို ထပ်မံ ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဟော်လန်သို့ ကစားသမားများကို ကင်းထောက်ရန် မန်ချက်စတာ ယူနိုက်တက် မှ ဘောလုံး ကင်းထောက် အများအပြားကို စေလွှတ်ထားကြောင်း ဆန်း သတင်းစာက အတည်ပြုခဲ့ ခြင်းဖြစ်ပါတယ်။




အဲရစ် တန်ဟက်ဂ် ဟာ အိုင်းယက်စ် ကွင်းလယ်လူ တေလာ နဲ့ ခံစစ်မှူး တင်ဘား ကို ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့ နွေရာသီတည်းက တောက်လျောက် စောင့်ကြည့်နေခဲ့ကြောင်း သိရပါတယ်၊ ၂၃ နှစ်အရွယ် တင်ဘား အပြင် ၁၉ နှစ်အရွယ် ရန့်ရှ် ကိုလည်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ညာအစွန် ခံစစ်မှူး ရန့်ရှ် ဟာ




အိုင်းယက်စ် လူငယ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး စီနီယာ အသင်းကြီး အတွက် ၇၆ ကြိမ် ပါဝင် ကစားထားပြီး ဖြစ်ပါတယ်၊ ကွင်းလယ်လူ တေလာ ကတော့ အသင်းကြီး အတွက် ပွဲ ၅၀ ပါဝင် ကစားထားပြီး အယ်လ်ကာမာ အသင်းမှ တောင်ပံ ကစားသမား ကာလ်ဆန် နဲ့




အိုင့်ဟိုဗန် အသင်းက ကွင်းလယ်လူ ဗီယာမန် ကိုလည်း စောင့်ကြည့်နေ‌ကြောင်း သိရပါတယ်၊ အဆိုပါ ကစားသမား နှစ်ဦးလုံးဟာ အသက် ၂၄ နှစ် ကိုယ်စီ ရှိပြီ ဖြစ်ပါတယ်။

credit