မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ချိန်ပီယံ ဖြစ်ဖို့ အလားအလာ ဘယ်လောက် ရှိသလဲ ဆိုတာ သုံးသပ် တင်ပြသွားတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ် က အသင်းဟောင်းဟာ ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ အနိုင် ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်မှန်းနိုင်စွမ်း ရှိကြောင်း သုံးသပ် သွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ဘောလုံးရာသီ အစက အဲရစ် တန်ဟက်ဂ် ကို အေဂျက်စ်မှ ကာလရှည် စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ၎င်းရဲ့ လက်အောက်မှာ အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်တဲ့ ကတ်စမဲရိုး၊ အန်တိုနီ၊ မာတီနက်ဇ်၊ အဲရစ်ဆင် နဲ့




မာလာစီယာ တို့ကို ခေါ်ယူနိုင်ခဲ့ပြီး ကစားသမားတွေ အားလုံးကလည်း အသင်းသစ်နဲ့ ချက်ချင်း အံဝင်ခဲ့ပါတယ်၊ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီ မှာ ကတ်စမဲရိုး၊ အန်တိုနီ၊ မာတီနက်ဇ်၊ အဲရစ်ဆင် နဲ့ မာလာစီယာ တို့




အားလုံး ထုတ်သုံးခဲ့ပြီး ကစားသမား အားလုံး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပြီး ၂-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်၊ မန်ချက်စတာ စီးတီး ကို အနိုင် ယူပြီးနောက် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အမှတ်ပေးဇယား ရဲ့ ဒုတိယ နေရာမှာ ရှိတဲ့ မန်စီးတီး နဲ့




ရမှတ် တစ်မှတ် သာ ကွာဟတော့ သလို ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ် ထက် တစ်ပွဲ ပို ကစားပြီး ရမှတ် ၆ မှတ်သာ ကွာဟ တော့ကာ အာဆင်နယ် နဲ့ မန်စီးတီး က နှစ်ကျော့လုံး ယှဉ်ပြိုင် ကစားဖို့ ကျန်သေးတာကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ




ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ အခွင့်အလမ်းတွေ ပိုင်ဆိုင် ထားပါတယ်၊ ဂန္တဝင် ကစားသမား ပေါလ်စခိုးလ် ကတော့ အသင်းဟောင်းက ချန်ပီယံ ဖြစ်မယ့် အလားအလာ ရှိနေပြီး ဒီ အခွင့်အရေးကို ပိုင်ဆိုင်ထားပြီလို့ သုံးသပ်လိုက်ပါတယ်။




ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံး က မန်စီးတီး ဖြစ်ကြောင်း သူ့ရဲ့ ယူဆချက်ကို ပြောဆို ခဲ့ပါတယ်၊ ပေါလ်စခိုးလ် က- ဒီကနေ့ ပွဲမှာ ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက် က အနိုင် ရယူရမယ့် အချိန်ကို ရောက်လာရင်




တကယ် အနိုင် ယူနိုင်စွမ်း ရှိပါတယ်၊ ဒါကို မြင်တွေ့ခဲ့ ကြရတယ်လေ၊ အခု ချန်ပီယံလောင်း ဖြစ်လာပြီလား လို့ မေးရင်တော့ ဖြစ်နေပြီလို့ ပြောချင်တယ်၊ အဓိက ကစားသမားတွေသာ ဒဏ်ရာ မရဘူး ဆိုရင် သူတို့က ချန်ပီယံ ဖြစ်နိုင်ချေ ရှိပါတယ်။




မန်ချက်စတာ ယူနိုက်တက် က မန်စီးတီးနဲ့ တစ်မှတ်ပဲ ကွာတော့တယ်၊ ဒါပေမယ့် မန်စီးတီး က ချန်ပီယံ ဖြစ်ဖို့ ရာနှုန်း ပိုများပါတယ်၊ အခု လက်ရှိ ပရီးမီးယားလိဂ်မှာ မန်စီးတီးက အကောင်းဆုံး ဖြစ်နေတယ်၊ လို့ ဆိုသွားခဲ့ပါတယ်။

credit