ရာသီကုန် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်း မန်ချက်စတာ ယူနိုက်တက် အောက် အဆင့်ဘယ်လောက်နဲ့ ပိတ်သိမ်း သွားမလဲ ဆိုတာ သုံးသပ် တင်ပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မြောက် လန်ဒန် ဒါဘီမှာ စပါး အသင်းကို ၂-၀ ရလဒ်နဲ့ အနိုင် ရရှိခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ ဇယားထိပ်မှာ မန်စီးတီး အသင်းကို ၈ မှတ် ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။




အစောပိုင်း ပွဲမှာ မန်စီးတီး အသင်းက မန်ချက်စတာ ယူနိုက်တက် ကို ၂-၁ ရလဒ်နဲ့ အရေးနိမ့် ခဲ့တာကြောင့် ရမှတ် ကွာဟချက် အခုလို ဖြစ်လာခဲ့တာပါ၊ ဒါပေမယ့် ဘောလုံးရာသီ ထက်ဝက် မကုန်သေးတာမို့




ဘာဖြစ်လာမယ် ဆိုတာတွေက စိတ်လှုပ်ရှားစွာ ဆက်ကြည့်ရဦးမှာ ဖြစ်ပါတယ်၊ ဒါပေမယ့်လို့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ် က အာဆင်နယ် အသင်းဟာ ရာသီကုန်မှာ ချန်ပီယံ




မဖြစ်နိုင် သလို မန်ချက်စတာ ယူနိုက်တက် ရဲ့ အောက်မှာသာ ရာသီ သိမ်းလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ်၊ ဂယ်ရီ နဗီးလ် က- အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ဖလား အနိုင်ရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့်




လက်စတာ တုန်းကလည်း ကျနော် အဲ့လိုမျိုး ပြောခဲ့ဖူးပါတယ်။ အာဆင်နယ် က ပရီးမီးယားလိဂ် အနိုင် မရနိုင်ဘူး၊ မန်စီးတီး ပဲ အနိုင် ရမှာပါ၊ နောက်ပြီး မန်ချက်စတာ ယူနိုက်တက် က ဒုတိယ နေရာနဲ့ ရာသီ သိမ်းပါလိမ့်မယ်။




ဒီလို ပြောရင် အာဆင်နယ် ပရိသတ်တွေ စိတ်ဆိုးကြ ဦးမယ် ဆိုတာ ကျနော် သိပါတယ်။ လို့ ဂယ်ရီ နဗီးလ် က ခန့်မှန်းခဲ့တာပဲ ဖြစ်ပါတယ်၊ လာမယ့် အပတ် စူပါ ဆန်းဒေး မှာတော့ အာဆင်နယ် အသင်းဟာ




မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရမယ် ဆိုရင် ထိပ်ဆုံး ၄ သင်းထဲက မန်ချက်စတာ ကလပ်ကို ရာသီဝက်ပြီးမှာ ၁၂ မှတ် ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

credit