အသင်းဆီကို တိုက်စစ်မှူးသစ် ဝဂ်ဟော့စ် ဘာတွေ ယူဆောင်လာမလဲ ဆိုတာ အသိပေး ပြောဆိုလာတဲ့ Ten Hag

Manchester United နည်းပြ Erik Ten Hag က ဘန်လေ တိုက်စစ်မှူး ဝဂ်ဟော့စ် ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာလဲ ဆိုတာ ရှင်းပြလိုက်ပါတယ်၊ ဘန်လေအသင်း တန်းဆင်း ခဲ့ပြီးနောက် ဝဂ်ဟော့စ် ဟာ




ပထမ ရာသီဝက်ကို ဘက်ဆစ်တပ် မှာ အငှား ကစားခဲ့ရတာ ဖြစ်ပါတယ်၊ ဝဂ်ဟော့က အဲ့ဒီမှာ 18 ပွဲ ကစားခဲ့ပြီး 9 ဂိုး သွင်းယူ ပေးထားခဲ့ပါတယ်၊ အသက် 30 အရွယ် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ််သက်လို့ လူတွေ




အံ့အားသင့်ခဲ့ တာက 2022 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဖြစ်ပါတယ်၊ အဆိုပါ ပြိုင်ပွဲမှာ အာဂျင်တီးနား ကို 2 ဂိုး သွင်းယူခဲ့ပြီး ဘာတွေ လုပ်နိုင်လဲ ပြသခဲ့ပါတယ်၊ အစောပိုင်းက ဘက်ဆစ်တပ်က ၎င်းတို့ တိုက််စစ်မှူးကို




ဘန်လေ ဆီ လက်လွှတ် မခံလိုခဲ့တဲ့ အတွက်် မန်ချက်စတာ ယူနိုက်တက် တို့ ခေါ်ယူဖို့ ခက်ခဲခဲ့ပြီး မန်ချက်စတာ ဒါဘီ ကစားတဲ့ နေ့မှ တရားဝင် ကစားသမားသစ် ဖြစ်လာခဲ့ပါတယ်။ ယခုတော့ အဲရစ် တန်ဟက်ဂ် က




သူက ဘန်လေ က လွဲရင် ကစားခဲ့တဲ့ အသင်းတိုင်းမှာ စွမ်းဆောင််ရည် ပြသ ထားတယ်၊ ဒါကြောင့် စောင့်ကြည့်ခဲ့တာပါ၊ သူ ခြေစွမ်းကောင်း မပြနိုင်ခဲ့တဲ့ အချိန်က တိုတောင်းတဲ့ အခိုက်အတန့်ပဲ ရှိခဲ့တယ်၊ သူ့ကို စောင့်ကြည့်တာ သိပ်တောင် ကြာခဲ့ပြီ။




သူကို 16 နှစ် အရွယ်တည်းက သိခဲ့တယ်၊ ကစားခဲ့တဲ့ အသင်းတိုင်းမှာ လည်း စွမ်းဆောင်ရည်ကောင်း ပြသထား နိုင်ခဲ့တာ မြင်တွေ့ရပါတယ်၊ သူက ကျွန်တော် ကိုယ်တိုင် ကင်းထောက်နေတဲ့ ကစားသမားပါ။




သူ အသင်းဆီကို အများကြီး ယူဆောင်လာမှာပါ၊ အရင်က ပရိတ်သတ်တွေ မမြင်တွေ့ခဲ့ဖူးတဲ့ အရာတွေရော၊ မြင်တွေ့ဖူးတဲ့ အရာတွေရောပေါ့၊ ဒါက သေချာပါတယ်၊ ဒီအတွက် စိတ်ပူနေဖို့ မလိုတော့ပါဘူး။




သူက အသင်းတိုင်းကို တောင့်တင်း စေနိုင်တယ် ဆိုတာ ပြသထားပြီး စိတ်ဓါတ် ခံယူချက် အနေနဲ့လည််း ကောင်းမွန်သူပါ၊ ခံစစ်ပိုင်းကိုတောင် ကူညီပေးနိုင်စွမ်း ရှိပါတယ်။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit