လန်ဒန်ဒါဘီမှာ ရမ်စ်ဒေးလ် အကန်ခံရတာ နည်းပြ အာတီတာ ကြောင့်လို့ ဆိုလာ

လန်ဒန်ဒါဘီ ပွဲစဥ် အပြီးမှာ တော့တင်ဟမ် ဟော့စပါး ပရိသတ် တစ်ဦးက အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ် ရဲ့ နောက်ကျောကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ ဖြစ်စဉ်အတွက် နည်းပြ ဖြစ်သူ အာတီတာကို အဓိက ဝေဖန်ရမှာ ဖြစ်တယ်လို့ ရစ်ချတ်ကီးစ် က ပြောဆိုပါတယ်။




အာဆင်နယ် ဟာ မနေ့က ကစားခဲ့တဲ့ မြောက် လန်ဒန် ဒါဘီ ပွဲမှာ စပါး အသင်းကို လိုရစ် ရဲ့ own goal, အော်ဒီဂတ် ရဲ့ သွင်းဂိုး တို့နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်၊ မြို့ခံပြိုင်ဘက် အသင်းတွေ ဖြစ်တာနဲ့ အညီပဲ ပွဲချိန် အတွင်း ကစားသမား အချင်းချင်း ထိတွေ့မှုတွေ




ရှိခဲ့ကြသလို ပွဲ အပြီးမှာလည်း နှစ်ဖက် အချင်း များခဲ့ကြပါတယ်၊ အာဆင်နယ် အတွက် ထိပ်တန်း ကာကွယ် မှုတွေ လုပ်ပြီး Man of the Match ရခဲ့တဲ့ ဂိုးသမား ရမ်စ်ဒေးလ် ဟာ ပွဲအပြီး သူ့ လက်အိတ်ကို ချွတ်နေချိန် ဒေါသ ထွက်နေတဲ့ စပါး ပရိသတ် တစ်ဦးရဲ့




ကန်ကျောက် ခံခဲ့ရပါတယ်၊ ရမ်စ်ဒေးလ် က ပွဲအပြီးမှာ စပါး ပရိသတ်ရဲ့ လုပ်ရပ်က ရှက်စရာ ကောင်းလွန်းပြီး ဘောပွဲကို အရုပ်ဆိုး အကျဉ်းတန် စေတယ်လို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်၊ စပါး နောက်ခံလူ အဲရစ်ဒီယာ နဲ့ ကစားသမားဟောင်း ဂျေမီရက်နပ် တို့ကလည်း




စပါး ပရိသတ်ရဲ့ လုပ်ရပ်က လုံးဝကို လက်ခံလို့ မရတဲ့ အပြုအမူ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်၊ စပါး အသင်းကလည်း ရမ်စ်ဒေးလ် ကို ကန်ခဲ့တဲ့ ပရိသတ်ကို စီစီတီဗွီ ကနေ စုံစမ်း ဖော်ထုတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အပြင်းထန်ဆုံး အရေးယူမှုတွေ




လုပ်ဆောင်မယ်လို့ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပရိသတ် အနေနဲ့ ဘောလုံးကွင်း အတွင်း ဝင်ရောက် ကြည့်ရှု့ခွင့် ပိတ်ခံရဖွယ် ရှိနေပါတယ်၊ “ကွင်း ဘေးစည်းမှာ ရှိနေတဲ့ အာဆင်နယ် နည်းပြ အာတီတာရဲ့ မလျော်မကန် ရုပ်ပေါက်လွန်းတဲ့ အပြုအမူတွေက ပရိသတ်တွေရဲ့ စိတ်ကို ဆွပေးနေသလို ဖြစ်နေတာပါ။”




ဒါက ပြိုင်ဘက် ပရိသတ်တွေကို ပိုပြီး ဒေါသထွက်စေ ပါတယ်၊ နည်းပြ ကိုယ်တိုင်ကမှ သူ့ရဲ့ အပြုအမူတွေကို မဆင်ခြင်ဘူး ဆိုရင် ကစားသမားတွေ ကလည်း သူ့လို လိုက်လံ ပြုမူ ကြမှာပါပဲ။” လို့ ဝေဖန် သွားခဲ့ပါတယ်။

credit