မန်ချက်စတာ ဒါဘီ ပွဲ အတွင်း အပြုအမူကြောင့် ပရိတ်သတ်တွေကြား ဆူဆူညံညံ ပျံ့နှံ့လာတဲ့ ကတ်စမဲရိုး

မန်ချက်စတာ ဒါဘီ ပွဲစဉ်အတွင်း အိုးလ်ထရက်ဖို့ဒ်မှာ အသည်းအသန် ပြန်ဝင်ဖို့ ကြိုးပမ်းခဲ့တဲ့ ကတ်စမဲရိုး ရဲ့ ဖြစ်ရပ်ကို ပရိသတ် တစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ဟာ လူမှုကွန်ရက်မှာ ပရိသတ်တွေ ကြား ပျံ့နှံ့ လာခဲ့ပါတယ်။




ရီးရဲလ်မက်ဒရစ် အသင်းကနေ ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွှေ့လာပြီး တည်းက ဘရာဇီးလ် ကွင်းလယ် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်၊ စနေနေ့က မန်ချက်စတာ ဒါဘီပွဲ မတိုင်ခင် အဲရစ် တန်ဟက်ဂ် က ကတ်စမဲရိုး ရဲ့




အကျိုး သက်ရောက်မှုကို ယခုလို ချီးကျူး ပြောဆိုခဲ့ပါသေးတယ်၊ Erik Ten Hag က ခံစစ်မှာ သူ့နေရာကို သူ သိတယ်၊ သူက အခြား နေရာတွေမှာလည်း အားထားရတယ်၊ ဘောလုံးပိုင်ဆိုင်မှု အပိုင်းမှာဆို ဘောလုံး လုယူတာ အဓိကတော့ တစ်ဦးချင်း တိုက်ပွဲတွေမှာ သူက




အားထားရတယ်၊ သူက ပွဲရဲ့အရှိန်ကိုလည်း မြှင့်တင် ပေးနိုင်တယ်။ လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ကွင်းလယ် တိုက်ပွဲတွေမှာ အကျိုး သက်ရောက်မှု ရှိသလို ကတ်စမဲရိုး ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပွဲ အတွက် စိတ်ဆန္ဒ ပြင်းပြမှုက အသင်းဖော်တွေ အပေါ်မှာပါ




ကျိန်းသေပေါက် အကျိုး သက်ရောက်မှု ရှိခဲ့တာ ဖြစ်ပါတယ်၊ ဥပမာ အားဖြင့် စနေနေ့ မန်ချက်စတာ ဒါဘီ ပွဲစဉ် ဒုတိယပိုင်းက အခိုက်အတန့်ကို ကြည့်ရင် သိနိုင်ပြီး မန်စီးတီး အသင်းဟာ အန္တရာယ် ရှိတဲ့ အနေအထား ကနေ အလွတ် တည်ကန်ဘော ကန်ခွင့် ရရှိခဲ့ပေမယ့်




ကတ်စမဲရိုး က ဒဏ်ရာကြောင့် ကုသမှု ခံယူပြီးနောက် ကွင်းဘေးစည်းမှာ ရပ်နေခဲ့တာ ဖြစ်ပါတယ်၊ ခဏ အကြာမှာ ကုသရေး ဝန်ထမ်းက ကွင်းထဲကို ဝင်ဖို့ လုပ်နေလို့ နောက်ကနေ ဆွဲထားခဲ့ ပြီးနောက် ကတ်စမဲရိုး က ၎င်းရဲ့ လက်ကို မြှောက်ခဲ့ပြီး နောက်ဆုံးမှာတော့




ဘရာဇီးလ် ကွင်းလယ်လူက ၎င်းရဲ့ နေရာကို ပြန်ပြေးသွား ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်၊ ဒီဗီဒီယို ဖိုင်ကို ပရိတ်သတ်များ ကလည်း သဘောကျနေကြပြီး မန်ချက်စတာ ယူနိုက်တက် ဒီလူကို ရခဲ့တာ အထူးဆုကြီး ပေါက်ခဲ့တာပဲ။ လို့ တွစ်တာ အသုံးပြုသူ




တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက် ပရိသတ် တစ်ဦး ကလည်း စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက် ပါပဲ ဒီလို ကစားသမားမျိုးက ခင်ဗျား ဘယ်လို ဆုဖလားမျိုးကို မဆို ကိုင်မြှောက်ဖို့ အလေးအနက် လုပ်ဆောင် ပေးလိမ့်မယ်၊ မိနစ်တိုင်းက အရေးကြီးတယ် ဆိုတာ

သူ နားလည်တယ်။ လို့ ပြောဆို သွားခဲ့ပါတယ်၊ ကတ်စမဲရိုး ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ထိပ်ဆုံး အဆင့်ကို ပြန်လည် ရောက်ရှိစေချင်တဲ့ ဆန္ဒက ရှင်းလင်းနေပြီး သြဂုတ်လ တုန်းက ဘရန့်တ်ဖို့ဒ် ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အတွင်းမှာ ဘရာဇီးလ်သား က ၎င်းရဲ့ ခံစားချက်ကို




ရှင်းရှင်း လင်းလင်း သိအောင် ပြုလုပ်ခဲ့ပါတယ်၊ မက်ဒရစ်က နေအိမ် ကနေ မန်ချက်စတာ ယူနိုက်တက် ရဲ့ပွဲစဉ်ကို ကြည့်ရှု နေခဲ့တဲ့ အဲဒီ အချိန်တုန်းက ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမားက ၎င်းရဲ့ အေးဂျင့်ကို ကျွန်တော် ဒီဟာကို ပြုပြင် ပေးမယ်လို့ သူတို့ကို ပြောလိုက်ပါ။ လို့ သတင်းစကား




ပေးပို့ခဲ့တာ ဖြစ်ပါတယ်၊ ဒီ အကြောင်းကို The Telegraph က ဖော်ပြခဲ့တာ ဖြစ်ပြီး ဂျီတက်ချ် ကွန်မြူနတီ ကွင်းက အရှက်ရဖွယ် စွမ်းဆောင်ရည်က ၎င်းကို မန်ချက်စတာ ယူနိုက်တက် နဲ့ ပူးပေါင်းချင်တဲ့ ဆန္ဒကို မြှင့်တင်ပေး သလို ဖြစ်ခဲ့တာပါ။

credit