မန်ချက်စတာ ယူနိုက်တက် က ပရီးမီးယားလိဂ် ချန်ပီဆု ကို ရယူ သွားမလား ဆိုတာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက် နောက်ခံ ကစားသမား ရာဖေးလ် ဗာရန်း က မန်စီးတီး ကို အနိုင် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ ဦးဆောင်နေတဲ့ အာဆင်နယ် နဲ့ ၈ မှတ်အကွာ တက်လှမ်း နိုင်ခဲ့ပြီးနောက်

အသင်း အနေနဲ့ ပရီးမီးယားလိဂ် ဖလား ပြိုင်ပွဲထဲမှာ ရှိနေပြီ ဆိုတဲ့ ပြောဆိုမှုတွေကို ထောက်ခံ သွားခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ စနေနေ့က မန်ချက်စတာ ဒါဘီ မှာ မြို့ခံ ပြိုင်ဘက် မန်စီးတီး ကို ၂-၁ နဲ့




အထင်ကြီးဖွယ် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး ဒီပွဲစဉ် မတိုင်ခင်တုန်းက အများစုက အာဆင်နယ် နဲ့ မန်စီးတီး တို့ကြားက ဆုဖလား ပြိုင်ပွဲလို့သာ ရှုမြင် ထားကြတာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ဒါဘီ နိုင်ပွဲ




အပြီးမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အမှတ်ပေးဇယား ဒုတိယ နေရာက မန်စီးတီး နဲ့ ၁ မှတ် အကွာကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပြီး နယူးကာဆယ် က အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းကို ရမှတ်တူ ဂိုး ကွာခြားချက်နဲ့




အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်၊ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကို မန်ချက်စတာ ဒါဘီမှာ ထိန်းချုပ်ထား နိုင်ခဲ့တဲ့ ဗာရန်း က မန်ချက်စတာ ယူနိုက်တက် ဟာ ဆုဖလား ပြိုင်ပွဲထဲမှာ ရှိနေပြီလို့




ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ‘အရာအားလုံးက ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ တစ်ပွဲချင်း ယှဉ်ပြိုင် သွားရမှာပါ၊ သွားရမယ့် ခရီးက အရှည်ကြီး ကျန်သေး သလို အရမ်းလည်း ခက်ခဲပါတယ်၊ ပွဲစဉ်တိုင်းရဲ့ ပြင်းထန်မှုက မယုံနိုင်စရာ ကောင်းပြီး




ရုပ်ပိုင်း ဆိုင်ရာ အားစိုက် ထုတ်မှုတွေ ကလည်း သိပ်ကို ပြင်းထန်ပါတယ်၊ ပွဲစဉ်တိုင်းက ကြီးမားတဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေရဲ့ ပြင်းထန်မှု အတိုင်းပါပဲ၊ စည်းချက်က အလွန် မြင့်မားတယ်၊ ကစားသမားတွေဟာ ရုပ်ပိုင်းဆိုင်ရာ အတွက် ကြိုတင် ပြင်ဆင် ကြရပါတယ်။




ကျွန်တော်တို အဲဒါက ဘယ်လောက်ထိ ခက်ခဲလဲ ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က ကျစ်လစ်လာတယ်၊ ကျွန်တော်တို့ ဘောလုံးနဲ့ အတူ အရည်အသွေး ရှိတဲ့ ကစားသမားတွေကို အသုံးပြုဖို့ပဲ လိုပါတယ်။’ လို့ ပြောကြား သွားခဲ့ပါတယ်။

credit