ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားမှာ ဖြစ်ကြောင်း အတိအလင်း ပြောဆိုလာတာကြောင့် တပတ်လုပ်ခ တိုးမြှင့် ပေးချေကာ ကာလရှည် စာချုပ်ပါ ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ဦးဆောင်မှုနဲ့ အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွင်း ပုံစံကောင်း အချို့ ပြန်လည် ပြသထားနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရေးပါတဲ့ ဂိုးသွင်းယူမှုတွေကြောင့် အဓိက တိုက်စစ် ကစားသမား




မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို တစ်ပတ် ပေါင် ၃၀၀,၀၀၀ ထိ ပေးချေပြီး ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သတင်း ထွက်ပေါ်လာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ် ကစားသမား အလက်ဆစ် ဆန်းချက်ဇ် ကို ခေါ်ယူစဉ်က တစ်ပတ် ပေါင် ၅ သိန်းထိ ပေးချေခဲ့တာကြောင့်




ကစားသမားများကြား အခက်အခဲ အချို့ ကြုံတွေ့ခဲ့ရ အပြီးမှာ တစ်ပတ် ပေါင် ၃ သိန်း အထက် ပေးချေရန် အတွက် ဆန္ဒ မရှိနေတာလည်း ဖြစ်ပါတယ်၊ ဆန်းချက်ဇ် အပြင် ဝါရင့် ကစားသမား ရော်နယ်ဒို နဲ့ ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာ ကို လစာ မြင့်မားစွာ ပေးချေ ခဲ့ရာမှာလည်း အခက်အခဲ အချို့ ရှိခဲ့သေးတာကြောင့်




လစာ ကန့်သက်ရေး အတွက်ပါ စည်းမျဉ်း ပြင်ဆင်နေတာ ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ရပ်ရှ်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် မှာ တစ်ပတ်လုပ်ခ နှုန်းထား ပေါင် ၂ သိန်း ရရှိနေတာ ဖြစ်ပါတယ်၊အသင်းရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့




ဝါရင့် ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ တစ်ပတ် ပေါင် ၃၇၅၀၀၀ ထိ ရရှိနေတာ ဖြစ်ပေမယ့် ထပ်မံ ချုပ်ဆိုဖို့ ရှိနေတဲ့ စာချုပ်မှာ အသက် ၃၂ နှစ်အရွယ် ဒီဂီယာ အနေနဲ့ ပေါင် ၂၇၅၀၀၀ အထိ လုပ်ခနှုန်းထား ပမာဏ လျော့ယူ သွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။




ဥရောပ အဆင့် ထိပ်တန်း ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွင်း ဗိုလ်စွဲနိုင်ရေး ဦးစားပေးပစ်မှတ် ထားနေတဲ့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ ရဲ့ ဥက္ကဌ ဖြစ်သူ နက်ဆာ ခယ်လိုင်ဖီ ကိုယ်တိုင် ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူနိုင်ရေး အတွက် စိတ်ဝင်စားမှု ရှိ နေကြောင်းကို




အတိအလင်း ပြောဆိုထားမှုကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက စာချုပ်ပါ အတိုင်း သက်တမ်း ၁ နှစ် တိုးထားခဲ့သလို ၅၀ % ထိ လုပ်ခ တိုးမြှင့်ပြီး ယခုလို စာချုပ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

credit