အဲရစ် တန်ဟက်ဂ် လက်အောက် ပွဲထွက်ခွင့် နည်းပါးမှု အပေါ် မကျေမနပ် ဖြစ်နေပြီး ဂျာမန် ကလပ်ကို ပြောင်ရွှေ့ ကစားတော့မည့် အီလန်ဂါ

ဂျာမန် ကလပ် ဒေါ့မွန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အီလန်ဂါ ကို ခေါ်ယူဖို့ အစီအစဉ် ရှိနေကြောင်း သိရပါတယ်၊ ဆွီဒင်သားကို ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ကလည်း စိတ်ဝင်စားနေပြီး ပြည်ပလိဂ် တခုမှာ




ပြောင်းရွှေ့ ကစားဖို့ ဆွီဒင်သားက ဆန္ဒ ရှိနေကြောင်း သတင်းများက အတည်ပြု ဖော်ပြသွား ခဲ့ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ အီလန်ဂါ နဲ့ ပယ်လီစထရီ တို့ကို အငှားနှင့် ပြောင်းခွင့် ပြုရေး




ဆုံးဖြတ်ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ပယ်လီစထရီ ကိုတော့ ဗလန်စီယာ နဲ့ ဝက်ဖို့ဒ် က ခေါ်ယူလိုကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် မှာ ဂါနာချို နေရာ ရလာပြီးနောက် အီလန်ဂါ ဟာ ပွဲထွက် ကစားခွင့် လျော့နည်း တာကြောဂ့်




ပွဲ ကစားချိန် ပိုရတဲ့ အသင်းကို အငှားနဲ့ ပြောင်းရွှေ့ ကစားလိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်၊ ဆွီဒင်သားဟာ နည်းပြ Erik Ten Hag လက်အောက်မှာ ပွဲထွက် ကစားခွင့် နည်းပါးခြင်းကို မကျေ မနပ် ဖြစ်နေကြောင်း သတင်း အရင်းမြစ်များက ဆိုပါတယ်။




ဆွီဒင်သားဟာ လက်ရှိ ဘောလုံး ရာသီမှာ ၅ ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး အာဂျင်တိုင်း တိုက်စစ်မှူး ဂါနာချို က ၎င်းထက် ဦးစားပေး ခံနေရတာ ဖြစ်ပါတယ်၊ ဒါကြောင့် အီလန်ဂါ အသင်းပြောင်းလိုမှု အပေါ် အခွင့်ကောင်း ယူဖို့ ကြိုးစားလာခြင်း ဖြစ်ပါတယ်။




ဒေါ့မွန်က အလားအလာ ရှိတဲ့ လူငယ် ကစားသမားများကို ခေါ်ယူ မြေတောင်မြှောက်တဲ့ နေရာမှာ နာမည်ကြီးတဲ့ ကလပ် အသင်း ဖြစ်ပြီး လက်ရှိ ဘွန်ဒက်စ်လီဂါ မှာ အဆင့် ၆ နေရာသာ ရပ်တည်နေပြီး အဆင့် ၄ နေရာမှ




ဖရန့်ဖတ် နှင့် ၂ မှတ် ထိပ်ဆုံးမှ ဘိုင်ယန် နဲ့ ၉ မှတ် ကွာဟ နေပြီး ဒေါ့မွန်က ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင် ကစားရန် ရှိနေပါတယ်။

credit