‌ဂျာစီ နံပါတ် အသုံးပြုခွင့် ပေးတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို ကျေးဇူးတင်ကြောင်း ပြောဆိုလာတဲ့ ဝဂ်ဟော့စ်

အိုးလ်ထရပ်ဖို့ဒ်ကို အငှားနဲ့ ရောက်လာတဲ့ တိုက်စစ်မှူး ဝုဂ်ဟော့စ် က မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ တဲလက်စ် ကို ကျေးဇူးတင််စကား ဆိုလိုက်ပါတယ် 30 အရွယ် ဘန်လေ တိုက်စစ်မှူး ဝဂ်ဟော့စ် ဟာ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့




ဆောင်းရာသီ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်ပြီး ဂိုးသမား ဂျက် ဘက်လန်း ကို ခေါ်ယူပြီးနောက် သူ့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဝဂ်ဟော့စ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို 6 လ အငှားနဲ့ ပြောင်းရွှေ့ ရောက်ရှိလာတာ ဖြစ်ပြီး စာချုပ်မှာ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို




စောင့်ကြည့်ပြီး အပြီးသတ် ခေါ်ယူလိုပါက ခေါ်ယူနိုင်ကြောင်း ထည့်သွင်း ချုပ်ဆိုခဲ့တာပါ။ အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ အဲရစ် တန်ဟက်ဂ် ဟာ ဘက်ဆစ်တပ်ထံ စာချုပ် ဖျက်သိမ်းကြေး ပေါင် 2.6 သန်း ပေးချေခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ် နဲ့ ရင်ဆိုင် ကစားရမယ့်




ပွဲစဥ်မှာ နံပါတ် 27 ဂျာစီကို ဝတ်ဆင် ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ်။ ဝဂ်ဟော့စ် က သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာချိန်မှာ လစ်လပ်နေတဲ့ နံပါတ် 27 ကို လိုချင်ခဲ့ကြောင်း တဲလက်စ်က ခွင့်ပြုပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။




“သိပ် သေချာတာပေါ့ ဒီရောက်ပြီး နောက်ပိုင်း ဘယ် ဂျာစီ နံပါတ် လွတ်ဦး မလဲ ဘယ်ဟာ ရနိုင်ခြေ ရှိသလဲ ဆိုတာ ရှာဖွေခဲ့တယ်၊ 2 နဲ့ 7 ရဲ့ ပေါင်းခြင်း က 9 ပါ၊ ဒါက တိုက််စစ်မှူး တစ်ဦးရဲ့ ကျောနံပါတ် ပါပဲ။




ဒီနံပါတ်နဲ့ ပတ်သက်လို့ ကိုယ်ပိုင် ခံစားချက်လည်း ရှိပါတယ်။ တဲလက်စ် အငှားထွက်နေတယ်၊ ဒီနံပါတ်ကို ယူရင် ok မလား မေးခဲ့ရပါတယ်။ ဒါ ကျွန်တော့်အတွက် အရေးကြီးတယ်လို့ သူ့ကို ပြောဖြစ်ခဲ့ပါတယ်၊ သူ့အတွက် ပြသနာ မဟုတ်ခဲ့ပါဘူး။




သူ့ကို ကျေးဇူးတင် မိပါတယ်။ ဒီဂျာစီ ဒီနံပါတ် နဲ့ ခံစားချက် ရှိသူမို့ အခုလို ရလိုက်တာက ကောင်းတယ်။” လို့ ဝဂ်ဟော့စ် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit