ဒီကနေ့ ည ပဲလေ့စ် နဲ့ ပွဲမှာ ကြယ်နှစ်ပွင့်ကို အနားပေးပြီး အဆင်နယ်နဲ့ပွဲမှာ ထုတ်သုံးသွားမယ့် တန်ဟက်ဂ်

ဒီကနေ့ ညမှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 7 ရဲ့ ပွဲကျန် ပွဲစဉ် ခရစ္စတယ်ပဲလေ့စ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ကွင်းလယ်လူ ကတ်စမဲရိုး ကို ထည့်သွင်းခြင်း မပြုဖို့ အနားပေးဖို့




မန်ချက်စတာ ယူနိုက်တက် ပရိသတ်များက တောင်းဆိုခဲ့ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် မှာ ပုံစံကောင်း ပြသနေတဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့




မန်ချက်စတာ ဒါဘီ မှာ အဝါကတ် ပြသခံ ခဲ့ရတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း အဝါကတ် 4 ကတ် အထိ ပြသခံ ထားရပြီ ဖြစ်ပြီး တကယ်လို့သာ ဒီကနေ့ ညမှာ ယှဉ်ပြိုင်ရမယ့်




ပဲလေ့ စ်နဲ့ ပွဲစဉ် အတွင်း ကတ်စမဲရိုး အနေနဲ့ အဝါကတ် ထပ်မံ ပြသခံရရင် ပရီးမီးယားလိဂ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ တစ်ပွဲ အပယ် ခံရမှာ ဖြစ်တာကြောင့် အာဆင်နယ် နဲ့ ကစားရမဲ့ ပွဲစဉ်ကို




သေချာပေါက် ပွဲပယ်ခံသွား ရနိုင်ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေတာကြောင့် ပဲလေ့စ် နဲ့ ပွဲမှာ ကတ်စမဲရိုး ကို ထည့်သွင်း ကစားခြင်း မပြုဖို့ မန်ချင်စတာ ယူနိုက်တက် ပရိသတ်တွေက




တောင်းဆို လာခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နောက်ထပ် ကွင်းလယ်လူ ဖရက်ဒ် ဟာလည်း အဝါကတ် 4 ကတ် ပြသ ခံထားရတာ ဖြစ်လို့ ဒီ ပွဲစဥ်က သတိထားစရာ ဖြစ်လာနိုင်ပါတယ်။

ဒီကစားသမား နှစ်ဦးလုံး အနားပေးမယ် ဆိုရင်လည်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်မှာ အဲရစ်ဆင် နဲ့ တွမ်မီနေး တို့ကို အသုံးပြုလာ ရနိုင်ပါတယ်၊ လက်ရှိမှာတော့ ကတ်စမဲရိုး ရော ဖရက်ဒ် ပါ




ကွင်းလယ်ပိုင်းမှာ အတော်လေး ခြေစွမ်း ပြနေပြီး form အရလည်း အကောင်းဆုံး ကစားသမားတွေ ဖြစ်တာမို့ ပဲလေ့စ် လို ကစားရ ခက်နိုင်မယ်ြ အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ အသုံးပြုလာ သင့်ပါတယ်။

ဒါပေမယ့် ဒီပွဲမှာ အဝါကတ် ထိမယ် ဆိုရင် အာဆင်နယ် နဲ့ ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်တာကြောင့် အဲရစ် တန်ဟက်ဂ် အတွက် ခေါင်းစားစရာ ဖြစ်လာ နိုင်ပါတယ်။

credit