Mirror သတင်းထောက် လူးဝစ် ရဲ့ အတည်ပြုချက် အရ တန်ကြေးမြင့် ကြယ်ပွင့်အား မန်ချက်စတာ ယူနိုက်တက် က ရောင်းချသွားမည်ဟု ဆို

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ စျေးကွက်မှာ အသင်းခေါင်းဆောင် နောက်ခံ ကစားသမား ဟယ်ရီ မက်ဂွိုင်းယား ကို သင့်တော်မယ့် ပြောင်းရွေ့ကြေးနဲ့ ရောင်းထုတ်သွားဖို့




Sunday Mirror သတင်းထောက် ဒါရင်း လူးဝစ် က အတည်ပြု ဖော်ပြသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဂ်လန် လက်ရွေးစင်ကို လက်စတာ စီးတီး ကနေ ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး




ပေါင် သန်း ၈၀ နဲ့ ခေါ်ယူခဲ့ပြီး အသင်းခေါင်းဆောင် လက်ပတ်ပါ ပေးခဲ့ပေမယ့် ခြေစွမ်းပိုင်း သဘော မကျတာကြောင့်နဲ့ ခံစစ်ပိုင်းမှာ ဗာရန်း၊ မာတီနက်ဇ် တို့ကို တွဲဖက်‌စေခဲ့ပြီး ခြေစွမ်း ပြနေတဲ့အပြင်




ဘယ်နောက်ခံလူ လုခ်ရှော ကပါ centre-back နေရာမှာ အကောင်းဆုံး ပုံစံနဲ့ ကစားလာ နိုင်တာမို့ မန်ချက်စတာ ယူနိုက်တက် က မက်ဂွိုင်းယား ကို ရှင်းထုတ် ချင်လာတာ ဖြစ်ပါတယ်၊ မက်ဂွိုင်းယား ဟာ




၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အပြီး ကလပ်အသင်း ပွဲတွေ ပြန်လည် စတင်ချိန် မှာတည်းက အသင်းအတွက် ဘုန်းမောက် နဲ့ ပရီးမီးယားလိဂ် ပွဲ ချာတန် နဲ့ လိဂ်ဖလား ပွဲ တွေမှာသာ ပွဲချိန်ပြည့် ကစားခဲ့ရပြီး




ကျန် ပွဲတွေမှာ မိနစ် အနည်းငယ် သာ ပါဝင်ထား ရပါတယ်၊ ဒီအခြေအနေ တွေကြောင့် ကစားသမားဟောင်း ဖာဒီနန် က မက်ဂွိုင်းယား ကို မန်ချက်စတာ ယူနိုက်တက် က ထွက်ခွာဖို့ တိုက်တွန်းခဲ့သလို ဒီ ဆောင်းစျေးကွက် ထဲမှာလည်း မက်ဂွိုင်းယား က




အက်စတွန် ဗီလာ အသင်းနဲ့ သတင်းထွက် လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကလည်း လာမယ့် နွေမှာပဲ မက်ဂွိုင်းယား ကို မူလ ခေါ်ယူထားတဲ့ ပြောင်းရွေ့ကြေးထက် များစွာ ဆုံးရှုံးခံသွားပြီး ရောင်းထုတ်သွားဖို့




အစီအစဥ် ရှိလာခဲ့သလို ဒီလို အနာဂတ် မရေမရာတော့တဲ့ ဟယ်ရီ မက်ဂွိုင်းယား ကို ဝက်စ်ဟမ်း ကလည်း ခေါ်ယူဖို့ အစီအစဉ် ရှိနေကြောင်း သိရပါတယ်။

credit