မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟာ စိတ်ပျက်စရာ ကောင်းပြီး မရင့်ကျက်ဘူးလို့ ထုတ်ပြောလာတဲ့ ပေါလ် ပါကား

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် အန်ထော်နီ ဟာ သရဲနီ ကြယ်ပွင့်ဟောင်း ရဲ့ စိတ်ပျက်စရာ ကောင်းပြီး မရင့်ကျက်သူလို့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်၊ ဘရာဇီးလ် တောင်ပံ ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီက




ပေါင် ၈၅ သန်းနဲ့ အိုင်းယက်စ် ကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းရဲ့ စတုတ္ထမြောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်၊ အန်ထော်နီ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ လျင်လျင် မြန်မြန် အထင်ကြီးဖွယ်




ခြေစွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ် နဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင် ကစားပေးခဲ့ပြီး ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ် ကစားသမားဟာ အဲဒီနောက်ပိုင် နောက်ထပ် ၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြေကို




အားကိုးပြီး လိုတာထက် ပိုတဲ့ စကေး ပြသတဲ့ ကစားပုံကြောင့် ဘောလုံး ဝေဖန်သူတွေနဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဆီကနေ ဝေဖန်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်၊ အန်ထော်နီ ဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ အစောပိုင်းမှာပဲ




ရှိနေသေး ပေမယ့် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ထိုက်တန်ကြောင်း သက်သေပြသဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်၊ အင်္ဂလန် နဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံ ကစားသမားဟောင်း ပေါလ် ပါကား က အန်ထော်နီ ရဲ့ မန်ချက်စတာ ယူနိုက်တက် က စတင်မှုကို




ပြစ်တင် ဝေဖန်ခဲ့ပြီး ဘရာဇီးလ် တောင်ပံ ကစားသမားဟာ ကွင်းထဲမှာ အလွန်ကို ရင့်ကျက်မှု မရှိဘဲ လေးနက်မှု ကင်းမဲ့တဲ့ ပုံစံနဲ့ ကစားနေခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ အန်ထော်နီ မန်ချက်စတာ ယူနိုက်တက် အတွက် အဆင်ပြေပြေ ကစားနိုင် ခဲ့ပါတယ်။




သူက အံ့အားသင့် စရာ မကောင်းပေမယ့် ငယ်ရွယ်ပြီး ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ပရိသတ် အများစုက သူ့ကို စိတ်ပျက်ခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်၊ သူတို့တွေက မတူညီတဲ့ ကစားသမားမျိုးကို




မျှော်မှန်းထား ခဲ့တာပါ၊ သူတို့တွေက အရမ်း လျင်မြန်ပြီး နောက်ခံလူတွေကို ဖြတ်ကျော် ပြေးလွှားနိုင်မယ်လို့ မျှော်မှန်းခဲ့ပေမယ့် သူက တကယ်တမ်း အဲဒါကို မလုပ်နိုင်ခဲ့ပါဘူး၊ ကျွန်တော့် တစ်ဦးတည်း အမြင်အရ သူက စဉ်းစားတာ အရမ်းနှေးပြီး




ကွင်းထဲမှာ အရမ်းကို မရင့်ကျက်တဲ့ ပုံ ပေါ်နေပါတယ်၊ သူ့ အနေနဲ့ ပြိုင်ဘက်တွေကို ပိုပြီး အလဲထိုးဖို့ လိုအပ်ပြီး သူ့ကိုယ်သူ ယုံကြည်မှု ရှိဖို့လည်း လိုပါတယ်၊ ဘာလို့လဲ ဆိုတော့ သူ့မှာ မန်ချက်စတာ ယူနိုက်တက် မှာ အရမ်းကောင်းတဲ့ တောင်ပံ ကစားသမား




ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိ နေလို့ပါလို့ ပြောကြားသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်ထော်နီ အတွက် ၎င်းတို့ အနေနဲ့ ပေးသင့်တဲ့ ဈေးထက် ပိုမို ပေးချေ ခဲ့မိတယ်လို့ ကြိတ် လက်ခံခဲ့တယ်လို့ ESPN ကလည်း ဖော်ပြသွားခဲ့ပါတယ်။

credit