နိုင်ပွဲတွေ အတွက် နောက်ကွယ်က အကူညီ ပေးနေသူကို ဖွင့်ဟ ပြောကြားလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က အသင်းကို ရောက်ရှိလာတာ လပိုင်းသာ ရှိသေးပေမယ့် နိုင်ပွဲတွေ အတွက် အကောင်းဆုံး အကူညီ ပေးဆောင်ခဲ့တဲ့ နည်းပြ အဖွဲ့ဝင် တစ်ဦးကို ထုတ်ပြောလိုက်ပြီး ကျေးဇူးတင် စကားဆိုလိုက်ပါတယ်။




လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည််းပြ အဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဘန်နီ မက္ကာသီ ပဲ ဖြစ်ပါတယ်၊ သူဟာ ယခင်က အာဖရိက လက်ရွေးစင် တိုက်စစ်မှူးပါ၊ လက်ရှိ အချိန်ထိလည်း





အာဖရိက ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် သွင်းဂိုး 31 ဂိုးနဲ့ ဦးဆောင််နေဆဲပါ၊ သူ မန်ချက်စတာ ယူနိုက်တက် မှာ တိုက်စစ်မှူးတွေနဲ့ အနီးကပ် အလုပ် လုပ်ပါတယ်၊ ရလဒ် အနေနဲ့ အသင်းရဲ့ တိုက်စစ်မှာ




ရပ်ရှ်ဖို့ဒ် တောက်ပလာနိုင််ခဲ့တာ မြင်ခဲ့ရတယ်၊ နည်းပြ အဖွဲ့ဝင်ထဲမှာ ခံစစ်မှူးဟောင်း ကွင်းလယ် ကစားသမားဟောင်းတွေ များတယ်၊ ဒါကြောင့် ပိုမို ကောင်းမွန်တဲ့ ဟန််ချက် တစ်ခု ရရှိချင်ခဲ့တယ်။




မက္ကာသီ က တိုက်ခိုက်လိုစိတ် များသူ ဖြစ်ပါတယ်၊ ဒါကို ကျွန်တော်တို့ အသင်း အတွက် လိုအပ်နေခဲ့တာပါ၊ သူ ရှိနေတာက ကျွန်တော့ အတွက် ကံကောင်းခြင်းပါပဲ။ လို့ ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit