အဆင့်2 ကို တက်လှမ်းဖို့ ခြေတလှမ်း အလို၊ နိုင်ပွဲဆက် စံချိန် ကျိုးပျက်ခဲ့ရတဲ့ ပလေ့စ် နဲ့ ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြလဲ ပွဲပြီး သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ နံနက်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ဆဲလ်ဟာ့စ်ပါ့ခ် မှာ ခရစ္စတယ် ပဲလေ့စ် နဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်ဂိုးစီ သရေ ရလဒ် နဲ့ နိုင်ပွဲဆက် ရလဒ်ကောင်းတွေ ရပ်တန့် သွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာစီိးနဲ့ အခွင့်အရေး ကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ် စွမ်းရည် မသေချာမှုက ပထမပိုင်းက ဦးဆောင်နိုင်မှုကို အချင်းအနှီး ဖြစ်စေခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် တို့ မိနစ် 90+ ရောက်ခါမှ ဖရီးကစ် ကနေ ဂိုးပေးလိုက််ရတာပါ၊ ဒီပွဲစဥ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ?




ဒီဂီယာ 7- အပ်ဒွပ် နဲ့ ဂွီဟိုင်း ရဲ့ ကန်ချက်ကို ကာကွယ် နိုင်ခဲ့ပေမယ့် အိုလိုက်စ် ရဲ့ ဖရီးကစ် ကို မဟန့်တား နိုင်ခဲ့ပါဘူး၊ ဒီပွဲစဉ်မှာ Clean Sheet နဲ့ ဝေးခဲ့ရပါတယ်။

ဘစ်ဆာကာ 8- အသင်းဟောင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဥ်မှာ ဇာဟာ ကို ကောင်းကောင်း ထိန်းချုပ််ပြ နိုင်ခဲ့ပြီး ညာတောင်ပံ တစ်လျှောက်မှာ အန်တိုနီ ထက် ပိုပြီး ခြေစွမ်းပြ သွားနိုင်ခဲ့ ပါတယ်။




ရာဖေးလ် ဗာရန်း 8- တစ်ဦးချင်း ဘောလုံး ယှဥ် လုရာမှာ အသာစီး ရယူနိုင်ခဲ့ပါတယ်၊ အမြင့်ဘော တွေကိုလည်း ဦးဆောင် နိုင်ခဲ့ပြီး မာကျောတဲ့ ကစားဟန်ကို ပြသ သွားခဲ့ပါတယ်။

မာတီနက်ဇ် 7- ပရီးမီးယားလိဂ်မှာ ပြန်လည် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ဗာရန်း နဲ့ အကောင်းဆုံး တွဲဖက် ကစားခဲ့သလို ပေးပို့မှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်၊ အဝါကဒ် ထိခဲ့ပါတယ်။




လုခ်ရှော 6- ဘယ်ခံစစ်မှာ ပြန်လည် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ကစားပုံ ကောင်းမွန်ခဲ့ပါတယ်၊ ဒါပေမယ်ု နောက်ပိုင်း မိနစ်တွေမှာ ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။

ကတ်စမဲရိုး 7- ဘောလုံးကိုင် ကစားပုံ ကောင်းမွန်ခဲ့ပြီး ယုံကြည် စိတ်ချရတဲ့ ကစားဟန်ကို ပြသသွား နိုင်ခဲ့ပါတယ်၊ အဝါကဒ် ထိခဲ့ပြီး အာဆင်နယ် နဲ့ ပွဲကို လွဲချော်ရ ပါ​တော့မယ်။




အဲရစ်ဆင် 7- တိုက်စစ်ဆင် ကစားခဲ့ပြီး ဘယ်ခြမ်းမှာ အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ်၊ ဘရူနို အတွက်် ဂိုးဖန်တီး နိုင်ခဲ့ပေမယ့် အသင်းဖော်တွေရဲ့ အမြင် မရှိမှုက နောက်ထပ် ဖန်တီးခွင့်ကို ဆုံးရှုံး စေခဲ့ပါတယ်။

အန်တိုနီ 5- မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် ကစားသမားတွေ အနက် အညံ့ဆုံး ဖြစ်ခဲ့ပါတယ် ၊ စကေးပြဖို့ အားသန်နေခဲ့ပြီး လိုအပ်တဲ့ ပုံစံကောင်း မပြနိုင် ခဲ့ပါဘူး။




ဘရူနို 7- အဲရစ်ဆင် ရဲ့ အကွက်မြင်တဲ့ ဖန်တီး ပေးမှုကို သေသပ်တဲ့ သွင်းဂိုး အဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်၊ ပုံစံကောင်း ပြသ သွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ် 5- ဘရူနို ဖာနန်ဒက် ရဲ့ ဂိုးကို ရရှိစေဖို့ အဲရစ်ဆင် ကို ဘောလုံး ပေးပို့ခဲ့ပေမယ့် အကောင်းဆုံး ခြေစွမ်း မပြသ နိုင်ခဲ့ပါဘူး၊ ဂိုးသွင်း မှတ်တမ်းကောင်း ရပ်တန့် သွားခဲ့ပါတယ်။




ဝဂ်ဟော့စ် 6- အသင်းသစ် အတွက် ပထမဆုံး ပွဲထွက် ကစားခဲ့ပါတယ်၊ ချိတ်ဆက် ကစားပုံတွေ ကောင်းမွန်ခဲ့ပြီး ပုံစံကောင််း အချို့ ပြသသွားခဲ့ပါတယ်၊ အသင်းသစ်မှာ အံဝင်ဖို့တော့ ကြိုးစားရ ပါဦးမယ်။

လူစားဝင် ကစားသမားများ- တွမ်မီနေး 5 ၊ ဂါနာချို 5 ၊ ဖရက်ဒ် 6 တို့ပဲ ဖြစ်ပါတယ်။

credit