ကတ်စမဲရိုး မပါဝင်လို့ ကြိတ်ပျော်နေတဲ့ အာတီတာကို အမှာစကား ပါးလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ယနေ့ နံနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် နဲ့ ပရီးမီးယားလိဂ် ပွဲမှာ အဝါကတ် တစ်ကတ် ထပ်ထိသွား တာကြောင့် တစ်ပွဲ ပယ် ပြစ်ဒဏ် ကျခံရမယ့် ကွင်းလယ် ခံစစ် ကစားသမား




ကတ်စမဲရိုး မပါဝင်နိုင်လည်း အာဆင်နယ် ကို အနိုင်ယူ နိုင်တယ်လို့ ထုတ်ဖော် ပြောကြားသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က ယနေ့ နံနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ခရစ္စတယ် ပဲလေ့စ် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး




နည်းပြ အဲရစ် တန်ဟက်ဂ် က အဆိုပါ ပွဲမှာ ကြယ်ပွင့် ကစားသမား ကတ်စမဲရိုး နဲ့ အဓိက ကစားသမားတွေကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စမဲရိုး ဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဉ် မတိုင်ခင်မှာ




အဝါကတ် ၄ ကတ် ထိထားတာကြောင့် ပဲလေ့စ် နဲ့ ပွဲမှာ အဝါကတ် ထပ်ထိရင် အာဆင်နယ် နဲ့ ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ယှဉ်ပြိုင် ကစားခဲ့ ချိန်မှာလည်း ကတ်စ်မဲရိုး က ပဲလေ့စ် အသင်းခေါင်းဆောင် ဇာဟာ ရဲ့




တိုက်စစ်ဆင်မှုကို ဟန့်တားရာ ကနေ အဝါကတ် ထိသွားခဲ့ ပါတယ်၊ အဝါကတ် ၅ ကတ် ပြည့်ခဲ့တာကြောင့် ကတ်စ်မဲရိုး ဟာ တနင်္ဂနွေ နေ့မှာ ကစားမယ့် အာဆင်နယ် နဲ့ ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အခရာ ကျတဲ့ ကစားသမားမျိုး




ဖြစ်တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ကတ်စ်မဲရိုး မပါဝ င်နိုင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက် က အာဆင်နယ် ကို အဝေးကွင်းမှာ အနိုင် ရရှိဖို့ ခက်လိမ့်မယ်လို့ သုံးသပ်နေ ကြတာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ်




အဲရစ် တန်ဟက်ဂ် က အဆိုပါ သုံးသပ်မှုတွေ လက်မခံပဲ သူတို့ အသင်းဟာ ကတ်စ်မဲရိုး မပါပဲနဲ့ အာဆင်နယ် ကို ပထမ အကျော့မှာ ၃-၁ ရလဒ်နဲ့ အနိုင် ယူထားတာကြောင့် ယခု တကြိမ်မှာလည်း ကတ်စ်မဲရိုး မပါပဲနဲ့ အာဆင်နယ် ကို အနိုင်ယူ နိုင်စွမ်း ရှိကြောင်း




ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဉ် အပြီးမှာ ပြောကြား သွားခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် က- နောက်ဆုံး တကြိမ် တွေ့ခဲ့တုန်းက ကျွန်တော်တို့ ကတ်စ်မဲရိုး မပါပဲ အာဆင်နယ် ကို အနိုင်ယူ ထားတာပါ၊ ကတ်စ်မဲရိုး က အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။




သူ့ရဲ့ စွမ်းဆောင်ရည်တွေ ကြောင့်ပဲ ကျွန်တော်တို့ ရလဒ် ကောင်းတွေ ရယူနိုင်ခဲ့ပြီး အခု ရပ်တည် နေနိုင်တဲ့ အဆင့်ဆီ ရောက်ရှိနေတာပါ၊ ကျွန်တော်တို့မှာ တခြား ကစားသမားတွေ ကျန်နေ ပါသေးတယ်၊ သူတို့က ကတ်စ်မဲရိုး ရဲ့ ကွက်လပ်ကို

ဖြည့်ဆည်း ပေးနိုင်ပါတယ်၊ ကျွန်တော်ကလည်း ကျန်တဲ့ ကစားသမားတွေ နဲ့ ကစားကွက် ဖော်နိုင်ပါတယ်၊ ကျွန်တော်တို့က အသင်းလိုက် စွမ်းဆောင်ရည်နဲ့ အာဆင်နယ် ကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း သက်သေပြ ထားပြီးပါပြီ။ လို့ ထုတ်ဖော် ပြောကြား သွားခဲ့တာပါ။

credit