ပဲလေ့စ်နဲ့ ပွဲမှာ ကတ်စမဲရိုး ရဲ့ အဝါကတ် တစ်ပွဲပယ် ပြစ်ဒဏ် ကြောင့် အာဆင်နယ် နည်းပြ အာတီတာ ပြုလုပ်မယ့် ထူးထူးခြားခြား အရာကို ထုတ်ပြောလာတဲ့ ဂျေမီ ရက်နက်

လီဗာပူး ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဂျေမီ ရက်နက် က အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် နောက်ခံကြယ်ပွင့် ကတ်စမဲရိုး ပွဲပယ် ခံလိုက်ရတဲ့ အတွက် အပျော်လွန်ပြီး




ကခုန် နေလောက်ပြီလို့ ပြောကြားသွား ခဲ့ပါတယ်။ ဘရာဇီးလ် ကွင်းလယ် ကစားသမားဟာ ဗုဒ္ဓဟူးနေ့ နံနက် အစောက ပဲလေ့စ် နဲ့ ပွဲမှာ ၂၀၂၂ – ၂၀၂၃ ရာသီရဲ့ ၅ ကတ်မြောက် အဝါကတ် ပြသခြင်း ခံခဲ့ရပြီး အဲရစ် တန်ဟက်ဂ် ရဲ့




အသင်း အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ၄၃ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးခါနီး နာကျင် အချိန်မှာ မိုက်ကယ် အိုလစ်ဆေး ရဲ့ အလွတ် တည်ကန်ဘော ကနေ




တိုက်ရိုက် ကန်သွင်းမှုကြောင့် ပဲလေ့စ်အသင်း နောက်ကျ ချေပဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ စကိုင်း စပေါ့စ် နဲ့ စကား ပြောဆိုရာမှာ ရက်နက် က ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဉ် ဒုတိယပိုင်း ကတ်စမဲရိုး အဝါကတ် အပေါ် ထင်မြင်ချက်ကို မျှဝေခဲ့ပြီး




‘ကျွန်တော်တို့ ပွဲစဥ် မတိုင်ခင် ကတ်စမဲရိုး အကြောင်း ပြောခဲ့ကြပြီး တနင်္ဂနွေနေ့ အာဆင်နယ် အသင်းနဲ့ ပွဲစဥ်မှာ သူ့ကို သူတို့တွေ လိုအပ်တာကြောင့် အဝါကတ် မထိဖို့ အရေးကြီးတယ်လို့ ပြောခဲ့ကြတယ်၊ မိနစ် ၈၀ မှာ

သူ အဝါကတ် ပြသ ခံခဲ့ရပြီး အဲဒီ အခိုက်အတန့် က မန်ချက်စတာ ယူနိုက်တက် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်၊ အဲဒါက သူတို့ အတွက် အများကြီး သက်ရောက်မှု ရှိခဲ့တယ်၊ သူတို့တွေရဲ့ ကွင်းလယ် ကြယ်ပွင့် ကစားသမားက သွားပြီ ဆိုတာကို သူတို့တွေ သိခဲ့ကြတယ်။




ဒါက မိုက်မဲတဲ့ အခိုက်အတန့်ပါပဲ၊ ကတ်စမဲရိုး က ဘောလုံး လုယူတဲ့ လမ်းကြောင်းမှ ထွက်သွားခဲ့တဲ့ အတွက် အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ကို ဒေါသ ထွက်ခဲ့ပါတယ်၊ အာတီတာ က အဲဒါကို မြင်တွေ့ခဲ့တဲ့ အချိန်မှာ သူ့ရဲ့ ဧည့်ခန်းထဲမှာ




ကခုန်နေမယ် ဆိုတာ ကျွန်တော် လောင်းရဲတယ်၊ ဘာလို့လဲဆို အဲဒါက အရမ်း အရေးကြီးလို့ပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းက သူတို့ အသင်း အဲဒီ အခန်းကဏ္ဍမှာ ကစားနိုင်တဲ့သူ တစ်ယောက်မှ မရှိ တော့ပါဘူး။’ လို့ ပြောကြားသွား ခဲ့ပါတယ်။

credit