ပဲလေ့စ်နဲ့ မှာ စကားများဆဲဆိုခဲ့ကြတဲ့ ဘရူနိုနဲ့ အန်တိုနီ ရဲ့ ပြသနာနဲ့ ပတ်သက်ပြီး ကြယ်တစ်ပွင့်ဟာ မိန်းမရွှင် ဖြစ်တယ်လို့ ဆိုလာ

အန်တိုနီ နဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ပထမပိုင်း အတွင်း ဘောလုံး ပေးပို့မှု လွဲချော်ခဲ့ပြီး တိုက်စစ်ဆင်မှု ပျက်သွားခဲ့ ပြီးနောက် ကွင်းထဲမှာ အပြန်အလှန် စကားများခဲ့ ကြပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နဲ့ ရမှတ် ကွာဟမှု လျှော့ချနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဆဲလ်ဟတ်စ်ပါ့ခ် ကို သွားရောက် ယှဉ်ပြိုင်ခဲ့ ဖြစ်ပြီး နောက်ထပ် နိုင်ပွဲဆက် စံချိန်ကို တိုးမြှင့်နိုင်မယ်လို့




မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ပဲလေ့စ် အိမ်ကွင်းက မာကျောတဲ့ ခံတပ် တစ်ခုလို အစဉ်အမြဲ ဖြစ်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ အစောပိုင်းမှာ ကြီးမားတဲ့ အခွင့်အရေး ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။




ပဲလေ့စ် အိမ်ကွင်းက ကစားရခက်တဲ့ နေရာဆိုတာ နောက်ထပ် တစ်ကြိမ် သက်သေ ပြသခဲ့တာ ဖြစ်ပါတယ်၊ ပွဲ ကစားချိန် နာရီဝက်ခန့်မှာ အန်တိုနီ နဲ့ ဘရူနို တို့ ဘောလုံး ပေးပို့ရာမှာ လွဲချော်ခဲ့မှုကြောင့် တိုက်စစ်ဆင်မှု ပျက်ပြယ်သွားခဲ့ ပြီးနောက်

၎င်းတို့ စကားများခဲ့ ကြတာကို တိုက်ရိုက် ထုတ်လွှင့်မှုမှာ ရိုက်ကူးမိခဲ့ပြီး ဘရာဇီးလ် တောင်ပံ ကစားသမားက စိတ်ပျက် လက်ပျက် ပုံနဲ့ လက်တွေကို ဝှေ့ရမ်းနေတဲ့ ပေါ်တူဂီသားကို ပြန်လည် ဆဲဆိုခဲ့တာ ဖြစ်ပါတယ်။




လူမှုကွန်ရက်ပေါ်က ပရိသတ် တွေဟာ အန်တိုနီ နဲ့ ဖာနန်ဒက်စ် တို့ ဖြစ်စဉ်ကို လျင်လျင် မြန်မြန် တုံ့ပြန်ခဲ့ပြီး အန်တိုနီ က ဘရူနို ကို ပူတာ မိန်းမရွှင် လို့ ပြောလိုက်တာလား လို့ ပရိသတ် တစ်ဦးက ငိုကြွေးနေတဲ့ အီမိုဂျီ ပုံနဲ့ အတူ မှတ်ချက် ပေးခဲ့ပြီး




အန်တိုနီ နဲ့ ဖာနန်ဒက်စ် တို့ ဘောလုံးပေးပို့မှု လွဲချော်မှု အတွက်နဲ့ စကားများ နေကြတယ်၊ ဒီည ဆဲလ်ဟတ်စ်ပါ့ခ် က အကျယ်လောင်ဆုံးပဲ လို့ နောက်ထပ် ပရိသတ် တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ

ဦးဆောင်ဂိုး ရရှိဖို့ အတွက် ဆက်လက် ကြိုးပမ်းခဲ့ ပေမယ့်လည်း ပဲလေ့စ် ကသာ အန္တရာယ် ရှိတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု တွေနဲ့ ဂိုး ရရှိဖို့ အတွက် အနီးစပ်ဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်၊ ဒီဂီယာ ဟာ ၄၁ မိနစ်မှာ အော့ဒ်ဆန် အေဒူရာ ရဲ့ ကောင်းမွန်တဲ့ ဂိုး ကန်သွင်းမှုကို




အကောင်းဆုံး ပုံစံနဲ့ ကာကွယ် နိုင်ခဲ့လို့ ဦးဆောင်ဂိုး မပေးခဲ့ရတာ ဖြစ်ပြီး ပွဲပြီးခါနီး ၂ မိနစ် အလိုမှာ အဲရစ်ဆင် ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်ပြီး ချိုးပေးလိုက်တဲ့ ပေးပို့မှုကို ဖာနန်ဒက်စ် က ညာခြေနဲ့ ဂိုး ညာဘက်ထောင့်ကို




အဆုံးသတ် နိုင်ခဲ့တာကြောင့် ၁-၀ နဲ့ ဦးဆောင်နိုင် ခဲ့တာပါ။ အဲရစ် တန်ဟက်ဂ် ရဲ့အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ပဲလေ့စ် နဲ့ ပွဲမှာသာ နိုင်ပွဲ ရရှိခဲ့မယ် ဆိုရင်

အာဆင်နယ် အသင်းနဲ့ ၆ မှတ် အကွာ အမှတ်ပေးဇယား ဒုတိယ နေရာကို တက်လှမ်းနိုင်ခဲ့မှာ ဖြစ်ပေမယ့် ဒုတိယပိုင်း နာကျင် အချိန်ပို ၉၁ မိနစ်မှာ အိုလီဆေး ရဲ့ အလွတ် တည်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းမှုကြောင့် သရေ တစ်မှတ်သာ ရယူသွား နိုင်ခဲ့ပါတယ်။

credit