ပဲလေ့စ်နဲ့ ပွဲမှာ သရေ ရယူခဲ့တာက ခြေတလှမ်း နောက်ဆုတ်ခဲ့တာ ဖြစ်ပြီး ဒါက အာဆင်နယ် အတွက် ကြေကွဲစရာတွေ ဖြစ်လာစေလိမ့်မယ်လို့ ရှင်းပြသွားတဲ့ ဘရူနို

မန်ချက်စတာ ယူနိုက်တက် ဟာ ကြီးကျယ် ခမ်းနားတဲ့ အရာတွေကိုလလုပ်ဖို့ အဆင့်သင့် ဖြစ်နေပြီး ဆုဖလား အတွက် စိန်ခေါ်မှုက လုံးဝ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူးလို့ ဖာနန်ဒက်စ် က အခိုင်အမာ ပြောဆို လိုက်ပါတယ်။ တနင်္ဂနွေနေ့ မှာတော့




မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ်နဲ့ ကစားရမှာ ဖြစ်ပြီး ထို နှစ်သင်းကြား ထိပ်တိုက် တွေ့ဆုံမှုဟာ ချန်ပီယံဆု အတွက် အဆုံးအဖြတ် ပေးမယ့် နေ့ရက်တွေဆီ ပြန်သွားနေသလို ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပဲလေ့စ်နဲ့




သရေ ကျခဲ့ပြီး နိုင်ပွဲ ဆက်နိုင်မှု ၉ ပွဲမှာ ရပ်တန့် သွားခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အိုလီဆီ ရဲ့ နာကျင် အချိန်ပို သွင်းဂိုးကြောင့် အမှတ်လျော့ ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ အိုးလ်ထရက်ဖို့ဒ် မှာတုန်းကလည်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်




လက်ရှိ ရာသီရဲ့ ဆုဖလား ပြိုင်ဆိုင်မှု လမ်းကြောင်းပေါ်မှာ ရှိနေကြောင်း တစ်ပွဲလောက် အမှတ် လျော့သွားတာနဲ့ မတုန်လှုပ်သွားဖို့ နည်းပြ အဲရစ် တန်ဟက်ဂ် က အစည်းအဝေး ပြုလုပ်ခဲ့ပြီး အသင်းသား အားလုံးကို အားပေးခဲ့ကြောင်း ဖာနန်ဒက်စ် က ပြောဆိုပါတယ်။




ဒါက အသင်းအတွက် ထိခိုက်မှု မရှိပါဘူး၊ ကျွန်တော်တို့ ဖြစ်ချင်တဲ့ နည်းလမ်းမျိုး မဟုတ်ပေမယ့် အသင်းကို သေချာပေါက် ထိခိုက်တာ မရှိပါဘူး၊ ကျွန်တော်တို့က ကြီးမားတဲ့ အရာတွေကို လုပ်ဆောင်နေတာ၊ အခု အသင်းက ယုံကြည်မှု ရှိနေပြီး ကစားသမားတွေရဲ့




ကစားပုံက အရမ်းကို ကောင်း နေပါတယ်၊ သူတို့‌ေတွ လုပ်ဆောင်ရမယ့် အရာကို အကောင်းဆုံး လုပ်ပြနေပြီး နည်းပြ ခိုင်းစေသမျှ လုပ်ဆောင်နေပါတယ်၊ ဒါတွေ ကျွန်တော်တို့ တာဝန်ယူ လုပ်ရမယ့် အရာတွေပါ၊ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ အနေအထားမှာ




ရှိနေတုန်းပါ၊ ကြီးမားတဲ့ အရာတွေကို လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်၊ နောက် တစ်ပွဲကို ကစားရမှာ ဖြစ်ပြီး အနိုင် ရရှိဖို့ ကြိုးစားရမှာပါ၊ ပြီးခဲ့တဲ့ ရာသီနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီက ခက်ခဲတယ်၊ ယုံကြည်မှု နည်းပါးခဲ့တယ်၊ ဒါကြောင့်ပဲ ရလဒ်တွေက ကောင်းမွန်ခဲ့ခြင်း မရှိခဲ့တာ




ကျပ်တည်းတဲ့ အချိန်ကာလတွေ ဆိုရင် ကျော်လွှားဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်၊ ပဲလေ့စ် နဲ့ ပွဲကို အနိုင် ကစားဖို့ မလုပ်နိုင်ခဲ့ပါဘူး။ အာဆင်နယ်နဲ့ ပွဲ အတိုးချ ဂိုးသွင်းဖို့ နောက်ကို ခြေတလှမ်း ဆုတ်လိုက်တာပါ၊ နောက်ပွဲကို အနိုင် ကစားမှာပါ၊ ဒါဟာ ကျွန်တော်တို့ရဲ့




ပြိုင်ဆိုင်မှု ဖြစ်ပြီး တစ်ပွဲပြီး တစ်ပွဲ ၃ ရက်ပြီး နောက် ၃ ရက်မှာ အနိုင် ရရှိအောင် လုပ်မှာပါ၊ နောက် တစ်ပွဲ အတွက်ကို ကျွန်တော်တို့ တွေးထားတယ်၊ သရေကျတာက ကျွန်တော်တို့ အတွက် လုံလောက်မှု မရှိပါဘူး၊ ဒါက ခုနက ကျနော် ပြောခဲ့သလိုပါပဲ။

ကျနော် ခြေတလှမ်း နောက်ဆုတ်ခြင်းက အာဆင်နယ် အတွက် ကြေကွဲမှုတွေကို ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်လို့ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit