ပေးဂိုး တစ်ဂိုး အတွက် အဲရစ် တန်ဟက်ဂ် က နည်းစနစ် မကျေညက်ကြောင်း ပြောဆိုခဲ့ကြတဲ့ အပေါ် ထောက်ခံ ထပ်ဆင့် ပြောဆိုလာတဲ့ ဂယ်ရီ နဗီးလ်

ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ သရေ တစ်မှတ်သာ ရရှိခဲ့တဲ့ ယမန်နေ့ညက မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲစဉ်မှာ ပဲလေ့စ် အသင်းရဲ့ ချေပဂိုးကို သွင်းယူ ပေးခဲ့သူ မိုက်ကယ် အိုလီဆီ ရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းချိန်က




မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ နေရာ ယူပုံကို ပရိသတ်တွေက တစ်ပုံစံတည်း ဝေဖန်ခဲ့ ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက ဆဲလ်ဟော့စ်ပါ့ခ် မှာ မကစားခင် အထိ ပြိုင်ပွဲစုံ ၉ ပွဲဆက်




နိုင်ပွဲ ရရှိထားတာကြောင့် ပုံစံကောင်း ဆက်ပြ နိုင်မယ်လို့ ယုံကြည်ခဲ့ ကြပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ပထမပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ လှပတဲ့ အဆုံးသတ်နဲ့ ဦးဆောင်ဂိုး တစ်ဂိုး ရရှိခဲ့တာကြောင့်

၁၀ ပွဲဆက် နိုင်ပွဲ ရရှိမယ်လို့ ယူဆခဲ့ ကြတာပါ၊ ဒါပေမယ့် ဒုတိယပိုင်း မှာ အနိုင် ၃ မှတ် သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို မသွင်းယူ နိုင်တာကြောင့် အခြေအနေတွေက ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။




အဓိက ကွင်းလယ် ကစားသမား ကတ်စမဲရိုး ကလည်း ပဲလေ့စ် တောင်ပံ ကစားသမား ဝီးဖရက်ဒ် ဇာဟာ ကို ကစားပုံ ကြမ်းတမ်းခဲ့ တာကြောင့် တစ်ဝါ ထပ်ထိပြီး ဒီတစ်ပတ် ပိတ်ရက်မှာ ကစားရမယ့် အမှတ်ပေးဇယား




ထိပ်ဆုံးက အာဆင်နယ်နဲ့ ပွဲစဉ်ကို လွဲချော် ရတော့မှာ ဖြစ်ပါတယ်၊ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဂျက်ဖရီ ရှလက်ပ် ကိုလည်း လုခ်ရှော ကစားပုံ ကြမ်းမိတမ်းပြီး ပင်နယ်တီ ဧရိယာထိမှာ ပဲလေ့စ်က ပြစ်ဒဏ်ဘော




ရရှိခဲ့ပြီး အိုလီဆီ က မယုံနိုင်စရာ ကန်ချက်နဲ့ ချေပဂိုး ပြန်လည် သွင်းယူသွား ခဲ့ပါတယ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် ကိုယ်တိုင်လည်း နည်းစနစ်ပိုင်း ဧရိယာ ကနေ ကြောင်ပြီး ကြည့်နေရုံက လွဲလို့ ဘာမှ မတတ်နိုင် ခဲ့ပါဘူး။ ဒါပေမယ့် ပရိသတ်တွေ က ဒီ ပေးဂိုးမှာ

ပြစ်ဒဏ်ဘော မကန်မီ ဒီဂီယာ ရဲ့ လူတံတိုင်း ပြုလုပ်ပုံ အားနည်းမှုကို ဝေဖန်ခဲ့ ကြပါတယ်၊ ပရိသတ် တစ်ဦးက- ကာထားတဲ့ လူတံတိုင်းမှာ အရပ်အပုဆုံး ၃ ဦးကို သုံးထားတာ တော်တော် ရယ်ရတယ်၊ အိုလီဆီ ရဲ့ ကန်ချက် ဘယ်လောက် ကောင်းကောင်း




အဲ့ဒီ နေရာမှာ ပိုမြင့်တဲ့ တံတိုင်း ဆိုရင် သေချာပေါက် လူတံတိုင်းနဲ့ပဲ ထိသွားမှာ။ လို့ ပြောဆိုခဲ့ပါတယ်၊ နောက်တစ်ဦး ကလည်း- ပုလိုက်တဲ့ လူတံတိုင်း ဖရက်ဒ် အစား ရပ်ရှ်ဖို့ဒ် ကို ရပ်ခိုင်းတော့ ဘာဖြစ်မှာ မို့လို့လဲ




ဒီတံတိုင်း ပုပုလေးကို အိုလီဆီက အေးဆေး ကန်သွင်းနိုင်တာ မဆန်းဘူး။ လို့ ပြောဆိုခဲ့ပါတယ်၊ တတိယ တဦး ကတော့ ကတ်စမဲရိုး နဲ့ ဖရက်ဒ် နေရာလဲလိုက်ရမှာ၊ အရပ် ၄ လက်မ ၅ လက်မလောက် ကွာလည်း ကန်မယ့်သူ အတွက် အားသာချက် ဖြစ်စေတယ်။




ဒီလိုထောင့် ဒီလိုနေရာက ဒီလို ဂိုးကို ဝင်အောင် ကန်နိုင်တဲ့ အိုလီဆီ ကို ချီးကျူးရမယ်။ လို့ ပြောခဲ့ပါတယ်၊ နောက်ဆုံး တစ်ဦး ကတော့- ဖရက်ဒ် တစ်ယောက်လုံး လူတံတိုင်းထဲမှာ ရှိနေမှတော့ အိုလီဆီ နောက်တစ်လုံး ကန်လည်း ဝင်ဦးမှာပဲ။ လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီ နဗီးလ် ကလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ထောက်ခံခဲ့ပြီး ဒီ လူတံတိုင်းက လုံးဝကို မလုံလောက်ပါဘူး၊ ဘယ်သူ မဆို အလွယ်တကူ ကျော် ကန်နိုင်တဲ့ လူတံတိုင်းမျိုးပဲလို့ ပြောကြားသွားခဲ့ပါတယ်။

credit