ဒေါ့မွန် ကြယ်ပွင့်ကို ခေါ်ယူဖို့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနေပြီး ကစားသမား အတွက် သူရဲ့ အစီအစဉ်ကို ချပြခဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဘွန်ဒက်လီဂါ ထိပ်သီး ကလပ်မှာ ဒေါ့မွန် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးဖို့ ရှိနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မာကိုရူစ် ကို ယခုနှစ် ဘောလုံး ရာသီ အကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ အတွက်




ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားနေတဲ့ အကြောင်း ဂျာမန် သတင်းထောက် ခရစ်ရှန် ဖော့ခ် က အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်၊ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒေါ့မွန် အသင်းခေါင်းဆောင်က ကမ္ဘာ့အဆင့် ကွင်းလယ် တိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် မကြာခဏ




ဆိုသလို ဒဏ်ရာ ပြဿနာ တွေနဲ့ လုံးပန်းရလေ့ ရှိပြီး ၂၀၁၂ ခုနှစ်မှာ မိုချန် ဂလာဘက် အသင်းကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့တာပါ၊ ၎င်းက ဒေါ့မွန်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်း ပြသထား နိုင်သူ ဖြစ်ပြီး ဒေါ့မွန် အတွက် ဆယ်စုနှစ် တစုကြာ





ကစားပေးခဲ့ရာ သွင်းဂိုး ၁၅၆ ဂိုး သွင်းယူ ထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၁၈ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ဒါကြောင့် ဒေါ့မွန် ပရိသတ်တွေက မာကိုရူစ် ကို အသင်းရဲ့ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ် ထားသလို မာကိုရူစ် ကလည်း ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ




ဒေါ့မွန် တစ်သင်းထဲ အတွက်သာ ကစားပေးတော့မယ် လို့ မကြာခဏ ပြောလေ့ ရှိပါတယ်၊ မာကိုရူစ် က ဒေါ့မွန် အပေါ် သစ္စာရှိသလို ဒေါ့မွန် ကလည်း မာကိုရူစ် ကို အသင်းရဲ့ ထောက်တိုင် ကစားသမား အဖြစ် သတ်မှတ် ထားပေမယ့် ဒေါ့မွန် တာဝန် ရှိသူတွေက




အသင်းနဲ့ စာချုပ် သက်တမ်း ၆ လသာ ကျန်တော့တဲ့ မာကိုရူစ် ကို စာချုပ်သစ် ထပ်မံ မချုပ်ဆိုပဲ ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေပြီး မာကိုရူစ် ကလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ချင် တာကြောင့် အသင်းပြောင်းဖို့ ကြိုးစားနေတာပါ။

ဂျာမန် သတင်းထောက် ခရစ်ရှန် ဖော့ခ် ရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် တာဝန် ရှိသူများဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက မာကိုရူစ် ရဲ့ အေးဂျင့် တွေနဲ့ တွေ့ဆုံပြီး အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း မာကိုရူစ် နဲ့ ကိုယ်တိုင်ကိုယ်ကျ စကား ပြောဆိုလျှက် ရှိပြီး သူ့မှာ မာကိုရူစ် နဲ့ ပတ်သတ်ပြီး တိကျတဲ့ အစီအစဉ်တွေ ရှိတဲ့ အကြောင်း ချပြသွားခဲ့တယ်လို့ အတည်ပြု ဖော်ပြ သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit