ကတ်စမဲရိုး မပါဝင်မယ့် အာဆင်နယ်နဲ့ ပွဲမှာ အဲရစ် တန်ဟက်ဂ် အသုံးပြုသင့်တဲ့ လူစာရင်းနဲ့ နေရာ ပြောင်းလဲမှုကို ဖန်တီး ပေးဆောင်ခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန် က အာဆင်နယ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ကတ်စမဲရိုး နေရာ အတွက်နည်းပြ အဲရစ် တန်ဟက်ဂ် ဘယ်လို အစားထိုးမှု လုပ်မလဲ ဟောကိန်းထုတ် သွားခဲ့ပါတယ်။




ဖရက်ဒ်၊ တွမ်မီနေး အတွဲ ကွင်းလယ်မှာ ပွဲထွက် ကစားလာခဲ့ရင် အံ့အားသင့် တုန်လှုပ်မိမယ်လို့လည်း ၎င်းက ဆိုပါတယ်၊ ကတ်စမဲရိုးဟာ ဟာ အိုးလ်ထရက်ဖို့ဒ် ကို ပြောင်းရွှေ့လာပြီး ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အရေး အပါဆုံး




ကစားသမား တွေထဲက တစ်ဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆိုးရွားတဲ့ ရာသီအစ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာ တက်လှမ်းနိုင် စေဖို့ အကူညီ ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်၊ တနင်္ဂနွေနေ့ အမ်းမရိတ်စ် က ပွဲစဉ်ဟာ ဂန်းနားတွေရဲ့




အမှတ်ဖြတ် ဦးဆောင်နေမှုကို လျှော့ချဖို့ အခွင့်အရေး ကောင်းအဖြစ် ရှိနေတာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဲရစ် တန်ဟက်ဂ် ဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲမှာ အဝါကတ် ၅ ကတ် ပြည့်မြောက်ခဲ့လို့ ပွဲပယ် ပြစ်ဒဏ် ကျခံရမယ့် ကတ်စမဲရိုး မပါဘဲ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပြီး




ဘရာဇီးလ် ကွင်းလယ် ကစားသမား မပါဝင် နိုင်ချိန်မှာ တွမ်မီနေး ကို ဖရက်ဒ် နဲ့ အတူ ကွင်းလယ်မှာ ကစားစေဖို့ ဖြစ်နိုင်ခြေ အရှိဆုံး အခင်းအကျင်း တစ်ခု ဖြစ်ပုံ ပေါ်နေတာ ဖြစ်ပေမယ့် ဖာဒီနန် က အဲရစ် တန်ဟက်ဂ် သာ အရင် ကတည်းက ဝေဖန်မှုတွေ ခံခဲ့ရတဲ့




ကွင်းလယ် အတွဲကို ပြန်သုံးရင် အံ့အား သင့်မိလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ အဲဒီအစား အဲရစ် တန်ဟက်ဂ် အနေနဲ့ မာတီနက်ဇ် ကို ကွင်းလယ် နေရာမှာ ကစားစေပြီး ဗဟိုခံစစ်မှာ လုခ်ရှော ကို ဆက်လက် ကစားစေဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။




ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား အသင်းအတွက် ပါဝင် ကစားပေးခဲ့တဲ့ မာတီနက်ဇ် ဟာ ၂၀၁၉ ခုနှစ်မှာ အိုင်းယက်စ် ကို စရောက်ချင်းမှာ ကွင်းလယ်မှာ ကစား ပေးခဲ့သူ ဖြစ်ပြီး နောက်ပိုင်းမှ ခံစစ် ပြောင်းလဲ ကစားခဲ့တာ ဖြစ်ပါတယ်၊ ဖာဒီနန် က-

ကတ်စမဲရိုး ဒီအပတ် အာဆင်နယ် နဲ့ ပွဲစဥ်မှာ လွဲချော်မှု ဖြစ်လိမ့်မယ် ဆိုတာ သေချာပါတယ်၊ သူ ရောက်လာတဲ့ အချိန်တည်းက အရမ်း ကောင်းမွန် နေခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် က ဒီရာသီ အစောပိုင်းမှာ သူမပါဘဲ အာဆင်နယ်ကို အနိုင် ရယူ နိုဂ်ခဲ့တာပါ။




ဒီတော့ အရမ်း စိတ်ပျက်စရာတော့ မဟုတ်ပါဘူး၊ သူ မပါဝင် နိုင်တာကြောင့် အဲရစ် တန်ဟက်ဂ် က လုခ်ရှော ကို ဗဟိုခံစစ်၊ မာလာစီယာ ကို ဘယ်နောက်ခံ၊ လီဆန်ဒရို မာတီနက်ဇ် ကို ကွင်းလယ် ဗဟိုမှာ အရွှေ့အပြောင်းတွေ လုပ်စေချင်တယ်။




လုပ်လိမ့်မယ်လို့လည်း ထင်မိပါတယ်၊ ရိုးရိုးသားသား ပြောရရင် အဲဒါက သူ လုပ်ရမယ့် နည်းလမ်းပဲ ဆိုတာ ခင်ဗျားလည်း ထင်မှာပါ၊ အလုပ်ဖြစ်ပုံ မပေါ်တဲ့ ဖရက်ဒ် နဲ့ တွမ်မီနေး အတွဲကို ကွင်းလယ်မှာ သုံးခဲ့ရင်တော့ တော်တော်လေးကို အံ့အားသင့် တုန်လှုပ်မိမှာပဲ။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit