မန်ချက်စဝာာ ယူနိုက်တက် အာဆင်နယ်ကို ဂိုးပြတ်ရှုံးမည်ဟု ပေါလ်မာဆင် သုံးသပ် ခန့်မှန်းသွား

အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အမ်းမရိတ် ကွင်းမှာ ထိပ်တိုက် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ ဒီ နှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး




ဒီပွဲစဉ် အတွက် ဝါရင့် သုံးသပ်သူ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန် က သူ့ရဲ့ ခန့်မှန်းချက်ကို ဖော်ပြ ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ပေါလ်မာဆန် က-




ဒါက ဒီရာသီရဲ့ အကြီးမားဆုံး ပွဲစဥ် တစ်ပွဲပါ၊ အာဆင်နယ် ဒီပွဲကို အနိုင်ရရင် မန်ချက်စတာ ယူနိုက်တက် တို့ ဖလား ပြိုင်ပွဲကနေ ထွက်ခွာ သွားရတဲ့ထိ ဖြစ်လာနိုင်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်လည်း အရေးကြီးတဲ့ ပွဲပါ၊ သူတို့ ဒီပွဲကို ရှုံးရင် အာဆင်နယ် နဲ့ ၁၁မှတ်တောင် ကွာသွားတော့မှာပါ။




အာဆင်နယ် အတွက်တော့ ဒီပွဲစဥ်က စပါး နဲ့ ပွဲစဥ်ကထက် အများကြီး ပိုပြီး ခက်ခဲမယ် ဆိုတာ သေချာပါတယ်၊ ဒါပေမယ့် ကတ်စမဲရိုး ပွဲပယ်ခံထားရပါတယ်၊ သူက အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီး




သူသာ မပါဝင် နိုင်ခဲ့တာက စိတ်မကောင်းစရာပါပဲ၊ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အာဆင်နယ်လို အခွင့်အရေး များစွာ ရှိဖို့ သူရှိဖို့ လိုပါတယ်။

သူက ကွင်းလယ်အတွက် အတွေ့အကြုံတွေ ယူဆောင် လာပေးတယ်၊ အိုဒီဂတ် ထက်လည်း ပိုသာ နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အခု ဒီပွဲကို သူ လွဲချော်ရတော့မယ်၊ လုခ်ရှော ပြီးခဲ့တဲ့ အပတ်က ဟာလန်း ကို လူကပ်ထား ခဲ့ပြီး လှုပ်မရအောင် ထိန်းထား နိုင်ခဲ့ပါတယ်။




ဒီပွဲကို ကတ်စမဲရိုး တစ်ယောက် လွဲချော် ရတာနဲ့တင် ပွဲတခုလုံးရဲ့ အလွှမ်းမိုးနိုင်ဆုံး အသင်းက အာဆင်နယ်ပဲ ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ် ဂိုးပြတ် ရသွားမှာ အသေအချာပါပဲလို့ ပေါလ် မာဆန်က သုံးသပ် ခန့်မှတ်သွားခဲ့ပါတယ်။

ခန့်မှန်းချက်- အာဆင်နယ် 3-1 မန်ချက်စတာ ယူနိုက်တက်

credit