မန်ချက်စတာ ယူနိုက်တက် နှင့် စပါး အသင်းခေါင်းဆောင် ဟာရီကိန်း ၏ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အလားအလာ များလာ

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ဟာ တော့တင်ဟမ် ဟော့ စပါး ကြယ်ပွင့် ဟာရီ ကိန်း ကို ယခု နွေရာသီ အတွက် ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပြီး အင်္ဂလန် တိုက်စစ်မှူး အနေနဲ့ ကလည်း




ယခု ရာသီအကုန်မှာ အိုးလ်ထရက်ဖို့ဒ် ကို ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိနေတယ်လို့ သိရှိရပါတယ်။ England သားဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ အခိုင်အမာ သတင်း ထွက်ခဲ့သူ ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ် တာဝန် ရှိသူတွေဟာ ၂၉ နှစ်အရွယ် တိုက်စစ်မှူး အပေါ်




ယခုမှာ ပြန်လည် စိတ်ဝင်စားလာ‌တာ ဖြစ်ပါတယ်။ ဒတ်ချ် လူမျိုး နည်းပြဟာ နိုဝင်ဘာ လမှာ ခရစ္စတီယာနို ရော်နယ်ဒို ကို ထွက်ခွာခွင့် ပေးခဲ့တာကြောင့် အသင်း အတွက် ရေရှည် ကစားပေးနိုင်မယ့် ကျောနံပါတ် ၉ ကို ရှာဖွေနေတာ ဖြစ်ပြီး ယခုလ အစောပိုင်းမှာတော့ ဗက်ဟော့စ် ကို




အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်လေ မှာ ခြေမပေါ်လို့ ဘက်ဆစ်တက် ကို အငှားထွက် ကစားခဲ့တဲ့ ဒတ်ချ် တိုက်စစ်မှူးဟာ ရေတို ဖြေရှင်းနည်းသာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီမှာ အထောင် တိုက်စစ်မှူး အသစ်ကို




ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုနဲ့ ခေါ်ယူ ချင်နေတာ ဖြစ်ပါတယ်၊ Daily Mail သတင်းရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ဟာ ဟာရီကိန်း ကို ခေါ်ယူဖို့ အတွက် စတင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပြီး စပါး အသင်းခေါင်းဆောင် ဘက်ကလည်း အပြောင်းအရွှေ့ ပြုလုပ်ချင်တဲ့




အရိပ်အယောင် ပြသ နေတယ်လို့ သိရပါတယ်။ စပါး သာ နည်းပြ ကွန်တီ လက်အောက်မှာ ဆက်လက် ရုန်းကန်ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာ အပြင်ဘက် မှာ ရာသီ ပြီးဆုံးခဲ့မယ် ဆိုရင် ဟာရီကိန်း ဟာ မြောက်လန်ဒန် ကလပ်အသင်းကို စွန့်ခွာဖို့ ပိုလို့တောင် ကြိုးပမ်းချင် နေမှာ ဖြစ်ပါတယ်။

credit