အမ်းမရိတ်မှာ တွေ့ဆုံရမယ့် အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အတွက် ခန့်မှန်းချက် ထုတ်ပြန်လိုက်တဲ့ ရီယို ဖာဒီနန်

မနက်ဖြန် ညမှာတော့ အာဆင်နယ် နဲ့ မန်ချက််စတာ ယူနိုက်တက် အသင်းတို့ အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်၊ လက်ရှိမှာ အာဆင်နယ် က 18 ပွဲ ကစားပြီး 47 မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး




အခြားတဘက်မှာ မန်စီးတီး က 19 ပွဲ ကစားပြီး 42 မှတ် 5 မှတ် အကွာက ဖိအားပေး နေပါတယ်၊ ဒီ့အပြင် ခရစ္စတယ် ပဲလေ့စ် နဲ့ မဆုံတွေ့ခင်ထိ နိုင်ပွဲ ဆက်တိုက် ရယူထားတဲ့ မန်ချက်စတာ ယူနိုက်တက် ကလည်း 19 ပွဲ ကစားပြီး 39 မှတ်နဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။




ဒီပွဲစဥ်မှ ထွက်ပေါ်လာမယ့် ရလဒ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်ရေး အတွက် ကြီးမားတဲ့ အကျိိုး သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်၊ အာဆင်နယ် အနေနဲ့ တစ်ပွဲ လျော့နေသေးတာက အခွင့်အရေးကောင်း အဖြစ် ရှိနေပြီး




မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ကတ်စမဲရိုး မပါဝင်တာက ကြီးမာတဲ့ ထိုးနှက်ချက် ဖြစ်မလာဖို့ မျှော်လင့်ရမှာပါ၊ ဖာဒီနန် ကတော့ ဒီပွဲစဥ်နဲ့ ပတ်သက်ပြီး ကြိုတင် ခန့်မှန်းသွားခဲ့ပြီ ဖြစ်ပါတယ်။




‘မန်ချက်စတာ ယူနိုက်တက် က အမ်းမရိတ်မှာ 1-0 ရလဒ်ကို ယူဆောင်လာမှာပါ၊ ဒါကို ကျွန်တော် မြင်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က အခုချိန်မှာ ယုံကြည်ချက် ပြည့်နေတယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည် အပေါ် ယုံကြည်စိတ််ချလို့ ရနိုင်ပါတယ်။




သူတို့တွေ မန်စီးတီးကို ကိုင်တွယ် နိုင်ခဲ့ကြတယ်လေ၊ လက်ရှိမှာ မန်စီးတီး က အာဆင်နယ် ထက် ပိုပြီး ကောင်းတဲ့ အသင်းမျိုးပါ၊ သူတို့ အရမ်း ကောင်းခဲ့ကြတယ်၊ အဲ့ဒီ ပွဲတုန်းက ကျွန်တော်တို့ ဘောလုံး သိပ်မကိုင် နိုင်ခဲ့ပေမယ့် မန်စီးတီးတို့ ဂိုးသွင်းနိုင် လိမ့်မယ်လို့ မထင်ခဲ့ရပါဘူး။




ဟာလန်း ဆို ဂိုးပေါက်နားကိုတောင် မရောက်ခဲ့ဘူး၊ အခွင့်အရေးလည်း မရခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် က ပွဲကို ထိန်းချုပ် ပြခဲ့တယ်။’ ‌လို့ ပြောကြားသွားခဲ့ပါတယ်။

credit