အာဆင်နယ် နဲ့ ကစားရဖို့ မစောင့်နိုင်တော့ကြောင်း ရှင်းပြလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မိမိတို့ အနေနဲ့ ပြိုင်ဘက် အာဆင်နယ် အသင်းကို လေးစားပေမယ့် ချန်ပီယံဆု အတွက် ထိပ်ဆုံးနေရာက အာဆင်နယ် အသင်းကို ဒုက္ခပေး နိုင်လိမ့်မယ်လို့ ပြောကြား လိုက်ပါတယ်။




အာဆင်နယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဥ် မတိုင်ခင် မန်စီးတီး ထက် တစ်ပွဲလျော့ ကစားပြီး ထိပ်ဆုံး နေရာမှာ ၅ မှတ်ဖြတ် ဦးဆောင်နေပြီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ရာသီတုန်းက အာဆင်နယ် ဟာ




အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ဒီရာသီ လိဂ် ၁၈ ပွဲမှာ ၁၅ ပွဲထိ အနိုင် ရရှိခဲ့တာကြောင့် ၂၀၀၄ နောက်ပိုင်းမှ အဆင့်တစ် နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က




မိမိတို့ အနေနဲ့ အာဆင်နယ် ကို ချန်ပီယံဆု အတွက် ဒုက္ခပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ တကယ့်ကို ပုံစံကောင်း ရနေတာပါ၊ အခု ရောက်နေတဲ့ နေရာက သူတို့နဲ့ ထိုက်တန်တယ်လို့ ထင်တယ်၊ တကယ်ကောင်းတဲ့ တည်ဆောက်မှုပါ၊ သူတို့ ဘယ်လို ကစားလဲ ဘယ်လို စိတ်ဓာတ်မျိုး ရှိလဲဆိုတာ




မြင်နိုင်ပါတယ်။ သူတို့ အသင်းက အနိုင်ရလိုစိတ်လည်း ရှိတယ်။ အဲ့တာက သူတို့ကို ထိပ်ဆုံး နေရာမှာ ရပ်တည် စေနိုင်တာပါ၊ ဒါကြောင့် သူတို့က တကယ် ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကလည်း အနိုင်ရဖို့ အတွက်




အားလုံးကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ အသင်း အနေနဲ့ ကလည်း ယုံကြည်ချက် ပြင်းထန်‌ နေပါတယ်။ ကျွန်တော်တို့ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ ပြသဖို့ မစောင့်နိုင် တော့ပါဘူး။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit