ကနေ့ည အမ်းမရိတ်မှာ ကစားရမှာ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ရဖို့ မလွယ်ကူကြောင်း အာဆင်နယ် အသင်းခေါင်းဆောင် ရှင်းပြ

အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ် ဟာ ယနေ့ည အမ်းမရိတ်စ် က ပရီးမီးယားလိဂ် ပွဲစဥ် မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အဲရစ် တန်ဟက်ဂ် ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ




လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး ရာသီ အစကို စိတ်ပျက်ဖွယ် စတင် ခဲ့ပြီးနောက် ထူးထူးခြားခြား အလှည့် အပြောင်း ကို ပြုလုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။




တန်ဟက်ဂ် ရဲ့အသင်းက ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တွေမှာ ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ် တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အောက်ခြေမှာ ရပ်တည်ခဲ့ရတာ ဖြစ်ပေမယ့် လက်ရှိမှာ ၁၉ ပွဲမှာ ၃၉ ရမှတ် မှတ်နဲ့ တတိယ နေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။




မာတင် အော်ဒီဂွါဒ် က မန်ချက်စတာ ယူနိုက်တက် ရဲ့မကြာသေးမီက စွမ်းဆောင်ရည် တွေအတွက် ယနေ့ည ပွဲစဥ် မတိုင်ခင်မှာ ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် က အရမ်း ကောင်းကောင်း ကစားနေတာ သိသာပါတယ်၊ ကျွန်တော် သူတို့ကို ခုနောက်ပိုင်း တော်တော်လေး စောင့်ကြည့်ခဲ့ပြီး ကျွန်တော့် အတွက် သူတို့က ဒီရာသီမှာ ကောင်းပြီးရင်း ကောင်းလာပါတယ်၊ သူတို့ နည်းပြက




အိုင်းယက်စ် နဲ့ ဟော်လန်မှာ ရှိခဲ့တဲ့ အချိန် ကတည်းက ကျွန်တော် သိခဲ့တဲ့ နည်းပြ ကောင်းပါ၊ သူ့ရဲ့ အသင်းက အမြဲတမ်း ကောင်းမွန်တဲ့ ဘောလုံး ကစားပုံနဲ့ ကစားခဲ့တယ်၊ အဲဒီတော့ ဟုတ်ပါတယ်၊ သူတို့ ကောင်းကောင်း လုပ်နေပါတယ်၊ ကျွန်တော်တို့ သူတို့ကို အနိုင်ရဖို့က




အတော်လေး ကြိုးစားရပါလိမ့်မယ်၊ ဒီပွဲ ပြင်းထန်မှာ ဖြစ်ပြီး လွယ်ကူနေမှာ မဟုတ်ပါဘူး၊ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက်လည်း အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်၊ ဒီရာသီ အစောပိုင်း အိုးလ်ထရက်ဖို့ဒ် က ပွဲကို ပြန် အမှတ်ရပါမယ်။

အဲဒီနေ့ တုန်းက ကျွန်တော်တို့ ပွဲချိန် အများစုကို ထိန်းချုပ်ထား နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပြီး ကျွန်တော်တို့ အဆုံးမှာ ပိုကောင်းတဲ့ ရလဒ် ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်။ လို့ ပြောကြားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် ကို အနိုင်ရရှိထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး အဲရစ် တန်ဟက်ဂ် ရဲ့အသင်းဟာ ယခုရာသီ အစောပိုင်းတုန်းက အိုးလ်ထရက်ဖို့ဒ် မှာ ဂန်းနားတွေကို

၃-၁ နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်၊ အော်ဒီဂွါဒ် က ဒီတစ်ကြိမ် အိမ်ကွင်း အမ်းမရိတ်စ် မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင်တဲ့ ပွဲစဉ်မှာ ပိုမို တိုးတက်လာတဲ့ စွမ်းဆောင်ရည် ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်၊ ပွဲကို သေးငယ်တဲ့ အချိန် အပိုင်းအခြား မဟုတ်ဘဲ




မိနစ် ၉၀ စလုံး ထိန်းချုပ်ဖို့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ စည်းကမ်း လိုက်နာမှု အချို့ ပိုပြီး ပြချင်ပါတယ်၊ အဲဒါက ခက်ခဲတဲ့ ပွဲ ဖြစ်လာမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ အဲဒီအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ယုံကြည်ချက် ရှိနေတယ်လို့တော့ ခံစားရပါတယ်။ လို့ ပြောကြားခဲ့ပါတယ်။

credit