အမ်းမရိတ်မှာ ရှုံးကြွေးဆပ်ခဲ့တဲ့ အာဆင်နယ် 3-2 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှ ထူးခြားချက် (၅) ချက်

အာဆင်နယ် အသင်းဟာ အမ်းမရိတ်မှာ မန်ချက်စတာ ယူနိုက်တက် ကို 3-2 နဲ့ အနိုင် ရကာ ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ဒီ နိုင်ပွဲကြောင့် တစ်ပွဲလျော့နဲ့ ဒုတိယ နေရာက မန်စီးတီးကို ၅ မှတ် ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ “တစ်” နေရာကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။

အမ်းမရိတ်မှာ ‌ထူးခြားခဲ့တဲ့ အချက် ၅ ချက်ကို ဖော်ပြပေး လိုက်ပါတယ်။




(1) Big Game Player-

ဆာကာဟာ ဂိုးတွေသွင်း၊ ဂိုး‌တွေ ဖန်တီးပြီး Big Game Player ဖြစ်ကြောင်း ပြသ သွားပါတယ်၊ ၎င်းဟာ Big Six ပွဲတွေမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ထိ ပြုလုပ် ထားတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့




ပွဲစဥ် မှာလည်း အဝေးကန်ချက်နဲ့ ဂိုးရယူခဲ့ပြီး အွန်နရီ၊ ယွန်းဘတ်၊ နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် ကို သုံးပွဲဆက် ဂိုးသွင်းနိုင်သူ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆုပါ ရရှိသွားခဲ့ပါတယ်။




(2) Need a Goal? Call Eddie- ဒီခေါင်းစဉ်က အန်ကီးတီးယား လိဒ် ယူနိုက်တက် မှာ အငှား ကစားခဲ့စဉ်က trend ဖြစ်ခဲ့တဲ့ caption တစ်ခု ဖြစ်ပါတယ်၊ အက်ဒီက ဘီယဲလ်ဆာ လက်အောက်မှာ ပွဲထွက် ကစားခွင့် သိပ် မရခဲ့ပေမယ့် လူစားဝင် ကစားတိုင်း




ဂိုးတွေ သွင်းယူ ပေးတာကြောင့် “သွင်းဂိုးတွေ လိုအပ်ရင် အန်ကီးတီးယား ကို ဖုန်းခေါ်လိုက်ပါ” လို့ ပရိသတ်တွေကြား ကျော်ကြားခဲ့တာပါ၊ မနေ့ညက ပွဲမှာလည်း အန်ကီးတီးယား က အာဆင်နယ် အတွက် ဟီးရိုး ဖြစ်ခဲ့ပြီး ဂျေးဇု ဒဏ်ရာ ရနေချိန်မှာ အက်ဒီ အပေါ်




ယုံကြည်မှု နည်းပါး ခဲ့ကြပေမယ့် အက်ဒီ က သူ့ အပေါ်ထားတဲ့ သံသယတွေကို ချေဖျက်သွားခဲ့ပါတယ်၊ အက်ဒီ ဟာ အာဆင်နယ် အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အနိုင် ဂိုးကိုလည်း ၎င်းကပဲ ရယူပေးခဲ့တာပါ။

(3) ပရိသတ်တွေရဲ့ MOTM

ပရီးမီးယားလိဂ်က ပေးအပ်တဲ့ Man of the Match ကို ဆာကာ ရခဲ့ပေမယ့် ပရိသတ်တွေရဲ့ အကောင်းဆုံးက ဇင်ချန်ကို လို့ တစ်ညီတစ်ညွှတ်တည်း လက်ခံခဲ့ကြပါတယ်၊ ကွင်းလယ်မှာ ပါတေး၊ ရှာကာ၊ အော်ဒီဂတ် တို့ ရုန်းကန်နေရချိန်မှာ ဇင်ချန်ကိုက




လိုအပ်နေတဲ့ နေရာတွေမှာ အကောင်းဆုံး ကစားခဲ့ပြီး တိုက်စစ်ကို ကောင်းကောင်း ပံ့ပိုးပေးခဲ့တာပါ၊ ဂန်းနား တွေကတော့ ဇင်ချန်ကိုက ပရီးမီးယားလိဂ် အကောင်းဆုံး ယူကရိန်း ကစားသမားလို့ ညွှန်းဆို နေကြပါတယ်။




(4) တစ်သင်းတည်း ကစားသွားခဲ့တဲ့ ပွဲစဉ် ဒုတိယပိုင်း

ပထမပိုင်းမှာ အပြန်အလှန် အကြိတ်အနယ် ရှိခဲ့ကြပေမယ့် ဒုတိယ ပိုင်းမှာ အာဆင်နယ်ရဲ့ ပွဲ လုံးဝ ဖြစ်သွားခဲ့ ပါတယ်၊ ဒုတိယပိုင်းမှာ အာဆင်နယ် ဟာ ဆာကာရဲ့ အဝေး ကန်ချက်နဲ့ ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်၊ မာတီနက်ဇ်ရဲ့ ချေပဂိုးတော့ ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ 2-2 ဖြစ်သွားချိန်မှာ




အာဆင်နယ် အသင်းဟာ အစွမ်းကုန် တိုက်စစ် ဆင်ခဲ့ကြပြီး အခွင့်အရေး၊ ဂိုးပေါက် ခြိမ်းခြောက်မှု အများအပြား လုပ်နိုင်ခဲ့ပြီး ပွဲပြီးခါနီး အန်ကီတီးယား က အနိုင်ဂိုးကို သွင်းယူပေး ခဲ့ပါတယ်၊ ဂန်းနား ဂန္တဝင် ဖြစ်သူ ပီတစ် က ဒုတ်ိယပိုင်းက အာဆင်နယ် တစ်သင်းတည်း ကစားသွားခဲ့တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။




(5) အသင်းပေါ် အကျိုးပြုနိုင်ခဲ့တဲ့ ထရောဆက်စ်

ထရောဆက်ဒ် ရဲ့ ပွဲကစားချိန် မိနစ်က ဘယ်လောက်မှ မကြာပေမယ့် ကစားရတဲ့ မိနစ်အနည်းငယ် အတွင်းမှာ အသင်းကို အကျိုးပြုနိုင် ခဲ့ပါတယ်၊ အန်ကီးတီးယား ရဲ့ အနိုင်ဂိုးဟာ သူ့ဆီက အစပြုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဘက် ဂိုးဧရိယာထဲမှာ ကစားသမား အများအပြား ကို လှည့်ဖျားသွားတဲ့ အခိုက်အတန့်က ဖမ်းစားနိုင်ခဲ့ပြီး အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးဖို့ ရောက်ရှိလာတာ ဖြစ်ကြောင်း ပြသ သွားခဲ့ပါတယ်။

credit