ပွဲပန်းလို့ တစ်ဂိုးလျော့နဲ့ အရှုံးပေးပြီး နှလုံးဆေး သောက်ခဲ့တဲ့ “အာဆင်နယ် 3-2 မန်ချက်စတာ ယူနိုက်တက်” ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ သုံးသပ်ချက်

မန်ချက််စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းဟာ မ​​နေ့ညက အမ်းမရိတ်မှာ ကစားခဲ့ကြပြီး အိမ်ရှင်တို့က ပထမ အ​ကျော့ ရှုံးပွဲကို 3-2 နဲ့ ခြေပသွားနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် မားကပ်စ် ရပ်ရှ်ဖို့ဒ်က 17 မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဧည့်သည် အသင််းကို ရင်ခုန်မှု ပေးခဲ့ပေမယ့် အာဆင်နယ် က 7 မိနစ် အကြာမှာ ခြေပ နိုင်ခဲ့ပါတယ်။




အဲ့ဒီနောက် ဒုတိယပိုင်း 53 မိနစ်မှာ ဆာကာရဲ့ သွင်းဂိုးနဲ့ အာဆင်နယ် အသင်း ဦးဆောင်ခွင့် ပြန်လည် ရရှိခဲ့ပါတယ်၊ 6 မိနစ် အကြာမှာတော့ လီဆန်ဒရို မာတီနက်ဇ် က ပြန်လည် ခြေပပြီး ပွဲရှိန်ကို မြင့်တက် စေခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်က ပွဲချိန် မိနစ် ၉၀ အကျော်မှာ အငြင်းပွားဖွယ် သွင်းဂိုးနဲ့ လိုအပ်တဲ့ အနိုင်် 3 မှတ်ကို ရယူ သွားခဲ့ပါတယ်၊ ဒီဂိုး ဂိုးသွင်းခဲ့ချိန် လူမကျွံခဲ့ပေမဲ့ ဇင်ချန်ကို ဘောလုံး ပေးချိန်မှာ ကျွံမကျွံ မစစ်ဆေးခဲ့တာက ဝေဖန်စရာ ဖြစ်ခဲ့ပြီး




Var နဲ့ ဒိုင်တွေရဲ့ အဆုံးအဖြတ်ဟာ မှန်ကန်ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြပါတယ်၊ ဘယ်လိုပဲ ဖြစ်ပါစေ ဒီပွဲမှာ ပိုကောင်းအောင် ကစားပြ နိုင်ခဲ့တာက အာဆင်နယ် အသင်းဖြစ်ပါတယ်၊ အာဆင်နယ်ဟာ

အငြင်းပွားဖွယ် သွင်းဂိုး တစ်ဂိုးက လွဲရင် အနိုင် 3 မှတ်နဲ့ ထိုက်တန််ခဲ့တယ်လို့ ယူဆရပြီး မန်စီးတီး ကိုလည်း 5 မှတ် ဖြတ်ထား နိုင်ခဲ့ပါတယ်၊ အခြားတဘက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် 4 နေရာကို




ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။ ဒီပွဲမှ ဘယ်သူတွေ ကောင်းပြီး ဘယ်သူ‌တွေ ညံ့ခဲ့ကြသလဲ သရဲနီတို့ရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးလိုက်ပါတယ်။

ဒီဂီယာ 5- ကစားပုံ မသေသပ် ခဲ့မိတဲ့ အတွက် ခြေပဂိုး ပေးခဲ့ရပါတယ်၊ ဆာကာ ရဲ့ ဂိုးကို ဟန့်တားနိုင် ခဲ့သင့်ပါတယ်၊ ၎င်းရဲ့ အကောင်းဆုံး ပုံစံကို မမြင်တွေ့ ခဲ့ရပါဘူး။




ဘစ်ဆာကာ 5- ခံစစ်ပိုင်း စိတ်ချရတဲ့ အနေအထားမှာ ရှိနေပြီလို့ အသံတွေ ထွက်ခဲ့ပေမယ့် ဒီပွဲမှာ အန်ကီးတီးယား ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်၊ အာဆင်နယ် ရဲ့ အနိုင်ဂိုးမှာ လူကျွံ မဖမ်းဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဗာရန်း 6- သူ့ရဲ့ နေရာမှာ တာဝန်ကျေခဲ့ပြီး ကစားပုံ တည်ငြိမ််ခဲ့ပါတယ်၊ ဒါပေမယ့် ဘစ်ဆာကာ ရဲ့ ကွက်လပ်ကို ဖြည့်စွက် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။




မာတီနက်ဇ် 8- တိုက်စစ်ရော ခံစစ်မှာပါ လိုက်ပါခဲ့ပြီး ကစားပုံ ကောင်းမွန်ခဲ့ပါတယ်၊ အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘောလုံးတွေကို အကောင်းဆုံး အနံ့ခံ ဟန့်တား ပြခဲ့ပါတယ်။

ရှော 6- ပွဲချိန် တစ်လျှောက် နိုးနိုးကြားကြား ကစားနိုင်ခဲ့ပြီး ဆာကာ ကို တက်နိုင်သမျှ ထိန်းချုပ် နိုင်ခဲ့ပါတယ်၊ ဒါပေမဲဲ့ အကောင်းဆုံး မခုခံနိုင်ခဲ့သလို တိုက်စစ် ကိုလည်း ထိထိရောက်ရောက် မပံ့ပိုး နိုင်ခဲ့ပါဘူး။




တွမ်မီနေး 6- ကတ်စမဲရိုး ရဲ့ နေရာကို ဖြည့်စွက်နိုင်မှာ မဟုတ်ဘူးလို့ ထင််ကြေး ပေးခံခဲ့ရတဲ့ တွမ်မီနေး ဟာ ဒီပွဲမှာ ထင်တာထက် ပိုပြီး ခြေစွမ်း ပြနိုင်ခဲ့ပါတယ်၊ ဂိုးပေါက် ခြိမ်း​ခြောက်မှု အချို့ လုပ်ပြ နိုင်ခဲ့ပါတယ်။

အဲရစ်ဆင် 5- ကွင်းလယ်မှာ သူ့တာဝန် သူ ကျေအောင် ကစားနိုင်ခဲ့ပေမဲ့ ဆာကာ ဂိုးသွင်းချိန်မှာ မဟန့်တားနိုင် ခဲ့ပါဘူး၊ အိုဒီဂတ် ရဲ့ ကန်ချက်ကိုတော့ ဟန့်တားနိုင်ခဲ့ပါတယ်။




အန်တိုနီ 6- တိုက်စစ်ပိုင်း မထူးကဲ ခဲ့ပေမယ့် ခံစစ်ပိုင်း အတော်လေး ဆင်းကူပေး နိုင်ခဲ့ပါတယ်၊ ပဲ​လေ့စ် နဲ့ ပွဲကထက် ပိုကောင်းခဲ့ပေမယ့် ပရိသတ်တွေ မြင်ချင်တဲ့ ကစားသမားမျိုး ဖြစ် မပြနိုင်ခဲ့ပါဘူး။

ဘရူနို 6- ရပ်ရှ်ဖို့ဒ်ရဲ့ အဖွင့်ဂိုး အတွက် ပါဝင် ပတ်သက် နိုင်ခဲ့ပြီး ပုံစံကောင််း အချို့ ပြသ နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် တိုက်စစ််ပိုင်း ပံ့ပိုးမှု အကန့်အသတ် ရှိခဲ့ပါတယ်။




ရပ်ရှ်ဖို့ 7- ပုံစံကောင်း ဆက်လက် ပြသပြီး အဖွင့်ဂိုး သွင်းယူ ပေးနိုင်ခဲ့သလို အာဆင်နယ် ခံစစ်ကိုလည်း ဗျာများ စေခဲ့ပါတယ်၊ နောက်တစ်ဂိုး ရရှိသင့်ပေမယ့် ရမ့်စ်ဒေးလ် လက်စွမ်း ပြသွားခဲ့ပါတယ်။




ဝဂ်ဟော့စ် 6- ဂိုးတွေ သွင်းယူဖို့ ခေါ်ယူထားတာ ဖြစ်ပါတယ်၊ ဂိုး မသွင်းယူ နိုင်ခဲ့ပေမယ့် အသင်းနဲ့ ကစားကွက်မှာ အံဝင်ခွင်ကျခဲ့ပြီး အသင်းဖော်တွေကို ကူညီပေးနိုင် ခဲ့ပါတယ်။

လူစားဝင် ကစားသမားများ- ဖရက်ဒ် 5- ဂါနာချို NAt

credit