ဆုဖလား ရဖို့ မလုပ်ရမယ့် အရာနဲ့ ဆုဖလား ယူဖို့ စိတ်ကို ဘယ်လို မောင်းနှင်ရမလဲ ထုတ်ပြောလိုက်ပြီး အမ်းမရိတ်စ် ရှုံးပွဲအပြီး ဒေါသ ပေါက်ကွဲရကြောင်း ဖွင့်ဟလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ တနင်္ဂနွေနေ့ ညက အာဆင်နယ် အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း အဓိကကျတဲ့ အပြောင်းအလဲတွေ မပြုလုပ်ဘူး ဆိုရင် ဆုဖလားတွေ ရရှိမှာ မဟုတ်ဘူးလို့ သတိပေး ပြောဆိုသွား ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၁၇ ခုနှစ် နည်းပြ မော်ရင်ညို လက်ထက် ယူရိုပါလိဂ် ဖလားကို ကိုင်မြှောက် နိုင်ခဲ့ပြီး နောက်ပိုင်း ဆုဖလား တစ်လုံးမှ ရရှိခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်၊ အချို့ကတော့ ယခု ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက




အာဆင်နယ် အသင်းနဲ့ မန်စီးတီး အသင်းတို့ကို ပရီးမီးယားလိဂ် ဆုဖလား အတွက် စိန်ခေါ် နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ ကြပေမယ့်လည်း အမ်းမရိတ်စ် က ရှုံးပွဲကြောင့် လက်ရှိ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ တစ်ပွဲလျော့နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့




အာဆင်နယ် အသင်းနဲ့ ၁၁ မှတ် အထိ ကွာဟ သွားခဲ့ပြီ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာရာဘောင်း အက်ဖ်အေ နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်နေဆဲ ဖြစ်ပြီး ယ ခုရာသီမှာ ၎င်းတို့ရဲ့ ဆုဖလား ပျောက်ဆုံးနေမှုကို




အဆုံးသတ် နိုင်မယ့် အခွင့်အရေးလည်း ရှိနေဆဲ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ စနေနေ့မှာ




အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ် အဖြစ် ရက်ဒင်း နဲ့ တွေ့ဆုံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်၊ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင် သွားရဦးမှာ ဖြစ်ပါတယ်။




အမ်းမရိတ်စ် က ပွဲစဉ် အပြီးမှာတော့ နည်းပြ အဲရစ် တန်ဟက်ဂ် က- လာမယ့် နာရီပိုင်း တော်တော် များများမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ နေရာမှာ ရှိနေတယ် ဆိုတာကို သိသွား‌စေမယ့် ကောင်းမွန်တဲ့ တိုးတက်မှု၊ ကောင်းမွန်တဲ့ လုပ်ငန်းစဉ် တွေထဲမှာ ရှိနေကြောင်း




သိသွားမယ့် အချိန် ရောက်လာမှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒါက သေချာပါတယ်၊ ဒါပေမယ့် အခုအချိန် မှာတော့ ကျွန်တော် အတော်လေး ဒေါသ ပေါက်ကွဲပြီး စိတ် အနှောင့်အယှက် ဖြစ်နေပါတယ်၊ ဒီလို စိတ်ခံစားချက် ဖော်ပြလို့တော့ မကောင်းဘူး။




ဒါပေမယ့် ကျွန်တော့် ကစားသမားတွေ အနေနဲ့ ဖလား ရချင်ရင် စိတ်ဓာတ်ပိုင်းကို ပြင်ရမယ်၊ ကိုယ် တာဝန်ယူရတဲ့ နေရာမှာ လစ်ဟာမှု မရှိ 100% ပေးဆပ်ပစ်လိုက်တာမျိုး ဖြစ်စေချင်တယ်၊ ကျွန်တော် ကိုယ်တိုင်လည်း ဒီလို စိတ်ဓါတ်နဲ့ ကိုယ့်ကိုကိုယ် မောင်းနှင်ပါတယ်။




ကိုယ့် အနေနဲ့ ထိပ်တန်း ပွဲစဉ်မျိုးမှာ အမှားကြီး ၃ ခု ကျူးလွန်မိ ခဲ့တာမျိုး ဖြစ်လို့ မရနိုင်ဘူး ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်၊ ပြီးရင် အထူးသဖြင့် နောက်ဆုံး ဂိုးမှာပါ၊ ခင်ဗျား ပွဲကို ခံစားရမယ်၊ အဲဒီ အချိန်မှာ သရေ တစ်မှတ်က အများဆုံး ဖြစ်နေခဲ့တယ်။

ဒီတော့ ခင်ဗျား အဲ့ တစ်မှတ်ကို အရယူရမှာ ဖြစ်ပြီး ကျွန်နော်တို့ ပေးခဲ့ရ သလိုမျိုး ဒီလိုမျိုး ဂိုးပေးလိုက်လို့ မရနိုင်ဘူး၊ ထိပ်တန်း အဆင့်မှာ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဂိုးတွေမျိုးနဲ့ ဆိုရင် ခင်ဗျား ဖလား မရနိုင်ဘူး ဆိုတာ ကျွန်တော် သတိပေးချင်ပါတယ်။

၂ ကြိမ် က ထောင့်ကန်ဘော ကနေ စပြီး ကျွန်တော်တို့ အမှားလုပ်ခဲ့တာ သိသာပါတယ်၊ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ စည်းကမ်း လိုက်နာမှုကို မပြသ နိုင်ခဲ့ကြဘူး၊ ပြီးတော့ ခင်ဗျား ဂိုးတွေ ခွင့်ပြုခဲ့ရတယ်။ လို့ ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit