အမ်းမရိတ်မှာ 3-2 နဲ့ ရှုံးကြွေးဆပ်နိုင်ခဲ့ပေမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားက အလားအလာ မရှိကြောင်း ရှင်းပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်တစ် နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်လိမ့်မယ် မထင်မိကြောင်း




ထပ်မံ ပြောဆိုလိုက်ပါတယ်။ Sky Sports မှာ pundit အဖြစ် တာဝန်ယူနေတဲ့ ဂယ်ရီ နဗီးလ် ဟာ အာဆင်နယ် အသင်းက ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထား ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်တော့




အလားအလာ မရှိကြောင်း အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် မတိုင်ခင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောဆိုခဲ့ပြီး အာဆင်နယ် က ဒီရာသီမှာ အဆင့် ၃ သာ ရပ်တည်နိုင်မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် က အဆင့် ၂ ရရှိလိမ့်မယ်လို့ သုံးသပ်ခဲ့တာပါ။ ဒါကြောင့်




ပီယာ့စ် မော်ဂန် နဲ့ အလောင်းအစား ပြုလုပ်ခဲ့ကြောင်း သတင်းထွက်ခဲ့ပြီး နောက် အမ်းမရိတ်မှာ အာဆင်နယ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ရှုံးကြွေးဆပ်ပြီးနောက် ၁၉ ပွဲကစား ရမှတ် ၅၀နဲ့ အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်နေသေးတာပါ။




ဒါပေမယ့် အာဆင်နယ် ထက် မန်စီးတီး ကသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ထပ်မံ ပြောဆိုသွာခဲ့ပါတယ်၊ အာဆင်နယ် ကို အမှတ်ပေး လိဂ်ဖလား ဆွတ်ခူးမယ်လို့ မမြင်မိပါဘူး၊ မန်စီးတီးကသာ လိဂ်ဖလား ဆွတ်ခူးနိုင်မယ် ထင်ပါတယ်။ အာဆင်နယ်က




ဒီရာသီမှာ ၁ ပွဲ ၂ ပွဲလောက် ရှုံးပါလိမ့်မယ်၊ အဲ့ဒီအခါ ကျရင် မန်စီးတီးက သူတို့ကို ဖိအားတွေ ပိုပေးလာနိုင်မယ်၊ သူတို့ အတွက်လည်း အလွန် ခက်ခဲတဲ့ အခိုက်အတန့်မျိုး ဖြစ်လာလိမ့်မယ်၊ မန်စီးတီး အမှတ်ပေးချန်ပီယံ ဖြစ်မယ် ဆိုတာ ကျွန်တော့် အတွက်




အပျက်သဘော ဆောင်တဲ့ ကိစ္စ မဟုတ်ပေမယ့် မန်စီးတီးက သူတို့ကို ဖိအားပေး နေလိမ့်မယ် ဆိုတာတော့ သေချာပါတယ်၊ အခုကတော့ အာတီတာ အတွက် တကယ့်ကို မယုံကြည် နိုင်စရာပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ နှောင်းပိုင်းမှာ သူ့ကို ကျွန်တော် စိတ်ပူမိခဲ့တယ်။




အဲ့ဒါက သူ့အတွက် ခက်ခဲနိုင် လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit