မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟာ ဘာမှ လုပ်မပြနိုင်ဘူး၊ အသင်းဟောင်းက ခြေစွမ်းမျိုး မရှိဘူး မြင်ရမှာ မဟုတ်ဘူးလို့ ထုတ်ပြောလာတဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန် က ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီ ကို ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး အန်တိုနီ ရဲ့ ကစားပုံဟာ ဘယ် ကစားသမားကိုမှ မဖြတ်ကျော်နိုင် သလိုမျိုး ဖြစ်နေတယ်လို့ ပြောကြား သွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ အေဂျက်စ် အသင်းမှာ ကတည်းက လက်တွဲ ခဲ့ဖူးတဲ့ အသက် ၂၂ နှစ်အရွယ် အန်တိုနီ ဟာ မန်ချက်စတာ ယူနိုက်တက် ကို စတင် ရောက်ရှိ လာတုန်းက တာထွက် ဂိုးပါ သွင်းယူနိုင်ခဲ့ ပေမယ့်လည်း နောက်ပိုင်းမှာ




တဖြည်းဖြည်း အသင်းအတွက် အကျိုး မပြုနိုင်တော့ပဲ ပွဲထွက် ကစားခွင့် ရတိုင်း လူစားလဲ ခံနေရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က သူ့အတွက် ပြောင်းရွေ့ကြေး ပေါင် ၈၆ သန်းထိ သုံးစွဲထား ခဲ့ရပေမယ့်လည်း အန်တိုနီ ကတော့ အေဂျက်စ် အသင်းမှာ တုန်းကလို




ခြေစွမ်း မျိုးတွေ စွမ်းဆောင်ရည် မျိုးတွေ မပြသနိုင် သလို ဘယ် ကစားသမားကိုမှ ကျော်ဖြတ် နိုင်တာမျိုး မပြုလုပ်နိုင် သလို ဖြစ်နေတယ်လို့ ဖာဒီနန်က ထောက်ပြ လာခဲ့တာပါ၊ အန်တိုနီ နဲ့ ပတ်သတ်ပြီး ဖာဒီနန်က-




သူ ဘယ်သူ့ကိုမှ ကျော်ဖြတ် ပြသွားနိုင်တာ မရှိခဲ့ဘူး၊ ကျွန်တော် ထိုင် စဉ်းစား နေမိတယ်၊ ဒါက အမြဲတမ်းပဲလား ဆိုပြီး သူ အေဂျက်စ် မှာတုန်းက သူကစားခဲ့တဲ့ ဗီဒီယို ဖိုင်တွေကို ကျွန်တော် မြင်ဖူးပါတယ်၊ အဲ့ဒီမှာ သူက ကစားသမားတိုင်းကို ကျော်ဖြတ် နိုင်ခဲ့သူပါ။




အပြေး သန်လွန်းသူ မဟုတ်တဲ့ သောမတ်စ် ပါတေး တောင် သူ့ကို လုံးလုံးလျားလျားကြီး ကျော်လွန်အောင် ပြေးသွားနိုင်တယ် ဆိုတော့ အန်တိုနီ သူ့ခြေထောက် တွေမှာ စွမ်းအားတွေ အများကြီး ရှိမနေ တော့ဘူးလို့တောင် ကျွန်တော် တွေးမိ သွားသေးတယ်။




သူက လှည့်စားတတ်တဲ တောင်ပံ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် ဒီလို ကစားသမားမျိုး ရှိနေတယ် ဆိုရင် ဒီ ကစားသမားနဲ့ နောက်ခံလူတွေကို အနိုင်ယူ ကျော်ဖြတ် နိုင်တာမျိုးပဲ ဖြစ်စေချင်မှာပါ။ လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။




ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားသမားဘဝ တာထွက်မှာပဲ သွင်းဂိုး တစ်ဂိုး သွင်းယူ ထားခဲ့နိုင်ပြီး လက်ရှိ အချိန်ထိ အသင်း အတွက် ၅ ဂိုး သွင်းယူ ထားနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ




အောက်တိုဘာလ လလယ် နောက်ပိုင်း ကတည်းက အသင်း အတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှကို မလုပ်ဆောင် သလို စွမ်းဆောင်ရည် ပိုင်းမှာလည်း ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

credit