ဂါနာချို နဲ့ ပတ်သက်ပြီး ဝေဖန် ပြစ်တင်ခံနေရတဲ့ အပေါ် ဖြေရှင်းပေးလာတဲ့ တန်ဟက်ဂ်

ပွဲစဉ် ၂၁ အဖြစ် ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ရနေတဲ့ အမှတ်ပေးဇယား ထိပ်နေရာက အာဆင်နယ် အသင်းနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အကြိတ်အနယ် ကစားခဲ့တဲ့ ပွဲစဉ်မှာ




ပွဲပြီးချိန်မှာ အာဆင်နယ် က မန်ချက်စတာ ယူနိုက်တက် ကို 3-2 အနိုင်ရခဲ့ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ တိုက်စစ်မှာ ခြေစွမ်းကောင်း ပြနေတဲ့ အာဂျင်တီးနား ကစားသမား ဂါနာချို ကို စောစီးစွာ လူစားဝင်ရောက် ကစားစေခြင်း မရှိတာနဲ့ ပတ်သက်ပြီး




ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်၊ ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွင်း အိုလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချင်စတာ ယူနိုက်တက် အသင်းဟာ အ 3-1 ရလဒ်နဲ့ အနိုင်ကစားနိုင်ခဲ့တာ ဖြစ်ပေမယ့်




လန်ဒန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ပထမပိုင်း ပွဲကစားချိန် အစောပိုင်းမှာ ကတည်းက ရပ်ရှ်ဖို့ဒ် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမဲ့ အန်ကီတီယာ၊ ဆာကာ တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေး ခဲ့ရသလို ဒုတိယပိုင်း အရောက်မှာ မာတီနက်ဇ်က ချေပဂိုး




ပြန်လည် သွင်းယူ ပေးခဲ့ပေမယ့် ပွဲကစားချိန် ပြီးခါနီး မိနစ် ၉၀ အရောက်မှာ အာဆင်နယ် အတွက် ပထမ သွင်းဂိုးရှင် အန်ကီတီယာ က အဖိုးတန် အနိုင်သွင်းဂိုး ရယူခဲ့တာကြောင့် ပွဲပြီးချိန်မှာ အာဆင်နယ် က အနိုင် ရခဲ့တာ ဖြစ်ပါတယ်၊ တိုက်စစ်ပိုင်းမှာ




ခြေစွမ်းကောင်း ဆက်တိုက် ပြနေတဲ့ ဂါနာချို ကို စောစီးစွာ လူစားလဲမှု မပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ နည်းပြ အဲရစ် တန်ဟက်ဂ် က ဒီနေ့ပွဲမှာ ပွဲထွက် ပါဝင်ခဲ့တဲ့ ကစားသမား စာရင်းက နိုင်ပွဲရဖို့ အတွက် အကောင်းဆုံးပါပဲ၊ ကျွန်တော် ဂါနာချို ထည့် ကစားဖို့ စဉ်းစားခဲ့ ပါသေးတယ်။




ဒါပေမယ့် အကောင်းဆုံး ဖြစ်စေနိုင်မယ့် အရာကိုသာ ရွေးချယ် ခဲ့ရတာပါ၊ ဒုတိယပိုင်း ပွဲကစားချိန် အတွင်းမှာ ဗက်ဂ်ဟော့စ် က ပြိုင်ဘက်ကို ဖိအားပေး ကစားပုံ ကောင်းနေသလို ရပ်ရှ်ဖို့ဒ် ကိုလည်း ခင်ဗျား လူစားလဲ စေချင်မှာ မဟုတ်တဲ့ အပြင် ဖာနန်ဒက်စ် ကလည်း




ရပ်ရှ်ဖို့ဒ် ရဲ့ ပြေးလမ်းကြောင်းကို ဘောလုံး ခင်းပေးနိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် လူစားလဲလို့ မရသေး ချိန်မှာ ဂါနာချို ကို ချက်ချင်း ဝင်ရောက် ကစားစေဖို့က ခက်ပါတယ်၊ အရန်ခုံမှာ ကြည့်တော့လည်း တိုက်စစ်ပိုင်း အတွက် ရွေးချယ်စရာက




အကန့်အသက် ဖြစ်နေပါတယ်၊ အဲဒီ ရွေးချယ်စရာ အကန့်အသတ် အတွင်းက အနည်းငယ်ကို ကျွန်တော့ အနေနဲ့ အကောင်းဆုံး ဖြစ်ဖို့ သေချာ လုပ်ဆောင်ခဲ့ပါတယ်၊ လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit