အာဆင်နယ်ကို ရှုံးပြီးနောက် အဝတ်လဲခန်းမှာ ဘယ်လို အခြေနေ ရှိခဲ့ သလဲ ထုတ်ပြောလာတဲ့ လုခ်ရှော

အာဆင်နယ် နဲ့ ရင်ဆိုင် ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အရှုံး ရလဒ်ကထိုက်တန်ခဲ့တယ်လို့ နောက်ခံလူ လုခ်ရှော က စိတ်ပျက် လက်ပျက် ညည်းညူ ပြောဆိုသွား ခဲ့ပါတယ်။ ဒီ့အပြင်

ပြိုင်ဘက် တိုက်စစ်မှူး အန်ခီတီယာ ရဲ့ နောက်ကျဂိုးက အဲရစ် တန်ဟက်ဂ် လက်အောက်မှာ အသွင် ကူးပြောင်းမှုတွေ ပြုလုပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် အရည်အချင်း အစစ်အမှန်ကို စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။




ဒီပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ ဂိုးပေါက် ကန်သွင်းမှု ၂၅ ကြိမ်ထိ ပြုလုပ်ခဲ့သလို ဒုတိယပိုင်း ပွဲချိန် အတွင်း ပွဲကို လွှမ်းမိုး ကစားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ဂိုးပေါက် ကန်သွင်းမှု ၆ ကြိမ်ထိ ပြုလုပ် နိုင်ခဲ့ပါတယ်။




ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံရာမှာ အသက် ၂၇ နှစ် အရွယ် နောက်ခံလူက အာဆင်နယ်နဲ့ ရင်ဆိုင်ရချိန်မှာ လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မရှိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်၊ ဒုတိယပိုင်း စွမ်းဆောင်ရည်မျိုးနဲ့က ကျွန်တော်တို့ အတွက် ဒီလို ရလဒ်က ထိုက်တန်ပါတယ်။




ဒုတိယပိုင်း ပွဲချိန်တွေမှာ ပြိုင်ဘက်က ပွဲကို လွှမ်းမိုးနိုင်ဖို့ ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ သလို ပွဲပြီးခါနီးမှာ ဂိုးပေး လိုက်တာကလည်း အတော်လေး ခံရ ခက်စေပါတယ်၊ အာဆင်နယ် အသင်းက အရမ်းကောင်းတဲ့ အသင်း ဆိုတာ ကျွန်တော်တို့ သိထားခဲ့ရပြီး




နောက်ဆုံး အချိန်ထိ တိုက်ပွဲ ဝင်ခဲ့ပါတယ်၊ ဒီလို ပွဲစဉ်မျိုးမှာ အာရုံစူးစိုက်မှု တချက်လေးတောင် လွတ်သွားလို့ မရပါဘူး၊ ဘာကြောင့်လဲ ဆို တချက်လောက်လေး အာရုံစူးစိုက်မှု ပျက်ယွင်းသွားခဲ့ရင် ပြိုင်ဘက်ကောင်းကို ပေးဂိုး ခွင့်ပြုရနိုင်တာကြောင့် ဖြစ်ပါတယ်။




ကျွန်တော်တို့ ပွဲစဥ်ကို အကောင်းမွန်ဆုံး စတင်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း ရရှိခဲ့ပါတယ်၊ ပထမပိုင်းမှာ ကောင်းမွန် ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆုတ်ယုတ် သွားခဲ့ပြီး ပြိုင်ဘက်က ပွဲကို လွှမ်းမိုးဖို့ ခွင့်ပြုပေး ခဲ့ပါတယ်။




အာဆင်နယ် အသင်းက အခွင့်အရေး တစ်ခုပြီး တစ်ခု ဖန်တီးနိုင်ခဲ့ပြီး ပွဲအပြီးမှာ ဒီလို အခြေအနေတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ လို့ လုခ်ရှောက ရှင်းပြခဲ့ပါတယ်၊ လုခ်ရှော က- အခုရာသီ အာဆင်နယ် ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ချီးကျူးရပါမယ်။

ရာသီ တဝက်ပဲ ရှိသေးတယ် ဆိုပေမယ့် သူတို့ အနေနဲ့အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ထိုက်ထိုက် တန်တန် ရယူထားတယ်၊ ခရီးရှည်ကြီး လျှောက်လှမ်း ရဦးမှာပါ၊ ဒါကြောင့် ကျွန်တော်တို့ နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင် ဖလား




ဆီမီးဖိုင်နယ် ပွဲစဉ်အပေါ် အာရုံစိုက်ဖို့ လိုအပ်ပါတယ်၊ ဒီလို ပွဲစဉ်မျိုးက အရည်အသွေး များပြားလွန်းသလို ကစားရတာလည်း အလွန် ခက်ခဲလွန်းပါတယ်၊ ဒါပေမယ့် အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ရတဲ့ ဒီလို ပွဲစဉ်မျိုးမှာ လူတိုင်း ကိုယ့်ရဲ့ အရည်အသွေးကို

ဆန်းစစ်ဖို့ အတွက် ပါဝင် ကစားချင် ကြပါတယ်၊ ဒါပေမယ့် နောက်ဆုံး မိနစ် ပေးဂိုး အတွက် ကျွန်တော်တို့ အဝတ်လဲခန်းမှာ အတော်လေး စိတ်ပျက်နေခဲ့ပါတယ်၊ အခုလက်ရှိ ကျွန်တော်တို့ အသင်းရဲ့ အရည်အချင်း အပေါ် စစ်ဆေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။




ဒါပေမယ့် ကျွန်တော်တို့ လာမယ့် နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင်ရမယ့် ပွဲကြီး ပွဲကောင်းမှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ အလုပ်တွေ လုပ်ရပါမယ်။ လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အခု ကြားရက်မှာ

နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင် ကစားရပြီးနောက် သီတင်းပတ် အကုန်မှာ ရီဒင်း နဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရဖို့ ရှိပါတယ်။

credit