မန်ချက်စတာ ယူနိုက်တက် စတားကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေပြီး အသင်းရဲ့ အဓိက ကစားသမား အဖြစ် ထားရှိမည်ဟု ကစားသမားကို သူ့ရဲ့ အစီအစဉ်ပါ ချပြသွားခဲ့တဲ့ နယူးကာဆယ် နည်းပြ ဟောင်ဝီ

ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား တွမ်မီနေး ကို ခေါ်ယူနိုင်ရေး အတွက် အိုးလ်ထရက်ဖို့ဒ် တာဝန်ရှိသူများနဲ့ လာရောက် ဆွေးနွေးနေကြောင်း




နာမည်ကြီး သတင်းဌာနများက ဖော်ပြခဲ့ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်မှ လက်ခံရန် အခွင့်အလန်း နည်းကြောင်း သုံးသပ်မှုများ ရှိနေပေမယ့် နယူးကာဆယ် မန်နေဂျာ ဟောင်ဝီ က ခေါ်ယူနိုင်ဖို့




အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပြီး စကော့တလန် ကွင်းလယ်လူရဲ့ ခြေစွမ်းကို နှစ်သက်သူ ဖြစ်တာကြောင့် နယူးကာဆယ် ကို ပြောင်းရွှေ့ ဖြစ်ပါက အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်စေမယ်လို့




ဟောင်ဝီက အတိအလင်း ဆိုလိုက်ပါတယ်။ နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတည်းက မက် တွမ်မီနေး ကို စိတ်ဝင်စားနေခြင်း ဖြစ်သော်လည်း အပြောင်းအရွှေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့တာ‌ကြောင့် ယခုအခါ




ပရီးမီးယားလိဂ် ထိပ်ဆုံး လေးသင်း စာရင်း ဝင်လိုနေပြီး ဇန်နဝါရီမှာ ကွင်းလယ်ကို အားဖြည့်ဖို့ ကြိုးစား နေခြင်း ဖြစ်ပါတတယ်။ တွမ်မီနေး ဟာ လက်ရှိ ဘောလုံးရာသီ အစ ပထမဆုံး လိဂ်ပွဲ ၇ ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့်




နောက်ပိုင်းမှာ ပွဲထွက် ကစားသမား နေရာကို ဘရာဇီးကွင်း လယ်လူ ကတ်စမဲရိုး ထံ လွဲပြောင်း ပေးခဲ့ရ သလို မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ ကလည်း တွမ်မီနေး က မန်ချက်စတာ ယူနိုက်တက် အဓိက ကစားသမား ဖြစ်ဖို့




အရည်အသွေး မရှိကြောင်း ဝေဖန်ထားကြပြီး အာဆင်နယ် နဲ့ ပွဲမှာ ကတ်စမဲရိုး ပွဲပယ် ခံထားရတာကြောင့်သာ တွမ်မီနေး အနေနဲ့ ပွဲထွက် ကစားခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နိုဝင်ဘာ




လ ဆန်း နောက်ပိုင်း ပထမဆုံး လိဂ်ပွဲ အရှုံးကို ကြုံတွေ့ ခဲ့ရပြီး အဲရစ် တန်ဟက်ဂ် က စကော့စ်တလန်သားကို အသင်းအတွက် လိုအပ်‌နေဆဲလို့ ယူဆနေဆဲ ဖြစ်တာကြောင့် ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

credit