မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်း အရွှေ့ ဖြစ်မြောက်ဖို့ သေချာသလောက် ရှိလာတဲ့ ကိန်း ကို စပါးက မထွက်ခွာရဲမယ့် စကားတခွန်း ထုတ်ပြောလိုက်တဲ့ ကွန်တီ

တော့တင်ဟမ် ဟော့ စပါး နည်းပြ အန်တိုနီယို ကွန်တီ က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ် နဲ့ ပရီးမီးယားလိဂ် ပွဲမှာ 0-1 ရလဒ်နဲ့ အနိုင်ရခဲ့ ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့




အပြောင်းအရွှေ့ အစီအစဉ် ထားရှိနေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကို စပါးနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် ကူညီပေး သွားမယ်လို့ ထုတ်ဖော် ပြောကြားသွား ခဲ့ပါတယ်၊ အသက် ၂၉ နှစ် အရွယ်




အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ စပါး အကယ်ဒမီ ကနေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ သူက စပါး အတွက် ဆယ်စုနှစ် တစုကျော် အကြာ ကစားပေးခဲ့ သလို




ရာနဲ့ချီတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်း က ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ကြောင်းကို ရွှေဖိနပ်ဆုတွေနဲ့ သက်သေပြ နိုင်ခဲ့ပေမယ့် ကစားသမား ဘဝမှာ ဆုဖလား တကြိမ်မှ မရဖူးသေးပဲ အမြင့်ဆုံး အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီသာ ရောက်ခဲ့ဖူးပါတယ်။




ဒါကြောင့် အသင်းက ထွက်ခွာဖို့ အစီအစဉ် ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ ကွန်တီ ကတော့ ဟယ်ရီကိန်း ထွက်ခွာသွာမှာကို မလိုလားဟန် ရှိနေပြီး ဆက်ထိန်းထားနိုင်ဖို့ ယခုလို ပြောဆိုလာခဲ့တာ




ဖြစ်ပါတယ်။ ကွန်တီ က- ကျွန်တော် သူ့ကို စပါးနဲ့ အတူ ဆုဖလား များစွာ ရယူနိုင်အောင် ကူညီပေး သွားချင်ပါတယ်၊ သူရယ် ကျွန်တော်ရယ် သူ့ရဲ့ အသင်းဖော် တွေရယ်က အသင်းအတွက် ဆုဖလား တခုခု ရအောင် ကြိုးစားဖို့ လိုပါတယ်၊ ဒါက အရေးအကြီး ဆုံးပါပဲ။




ဘာကြောင့်လဲ ဆိုတော့ ဟယ်ရီကိန်း က စပါး ကို ချစ်လို့ပါ၊ ကိန်း ရဲ့ နှလုံးသားထဲမှာ စပါး ရှိနေသလို ကျွန်တော်တို့တွေ အတူတူ ဆုဖလားတွေ ရယူနိုင်ရင် ပိုပြီး ကောင်းပါလိမ့်မယ်။

သူက စံချိန်ပေါင်း များစွာကို ချိုးဖျက် ထားနိုင်ပေမယ့် သူ့အတွက် အခုချိန်မှာ အရေးအကြီးဆုံးက ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ လို့ ထုတ်ဖော် ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit