နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲစဉ်မှာ လွဲချော်မယ့် ကစားသမား အချို့ကို အတည်ပြုလိုက်ပြီး ဆုဖလား ရယူရေး နဲ့ ပတ်သက်ပြီး Message ပေးလာတဲ့ Erik Ten Hag

မန်ချက်စတာ ယူနိုက်တက် ဟာ ကြားရက်မှာ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပွဲစဥ် အဖြစ် နော်တင်ဟမ် ဖောရက်စ် နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အသင်းသား 3 ဦး ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အဲရစ် တန်ဟက်ဂ် က အတည်ပြု ပြောကြား လိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ ဒါလော့ ဟာ ကြွက််သား ဒဏ်ရာ ရရှိခဲ့တာကြောင့် 3 ပွဲ လွဲချော်ထားသလို အန်သိုနီ မာရှယ် ကလည်း ခရစ္စတယ် ပဲလေ့စ်၊ အာဆင်နယ် အသင်းတို့နဲ့ ပွဲစဥ်မှာ ဒဏ်ရာနဲ့ လုံးပမ်းနေခဲ့တာပါ။




ဂျေဒန် ဆန်ချို ကလည်း အောက်တိုဘာ 22 ချဲလ်ဆီးနဲ့ ပွဲစဥ် ပြီးကတည်းက အသင်းအတွက် ပါဝင်် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး၊ ယခုလဲ သူတို့ 3 ဦး ပါဝင်နိုင်မှာ မဟုတ်ကြောင်း ဆိုပါတယ်။ အဲရစ် တန်ဟက်ဂ် က-




အာဆင်နယ် နဲ့ ပွဲစဥ်မှာ မပါဝင် နိုင်ခဲ့တဲ့ သူတိုင်း ဒီပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး၊ ဒါလော့၊ ဆန်ချို နဲ့ မာရှယ် တို့ မနက်ဖြန် ပွဲမှာ ပါဝင်နိုင် ကြဦးမှာ မဟုတ်သေးပါဘူး။ လို့ ပြောကြားသွားခဲ့ပါတယ်။




ကာရာဘောင် ဖလား ဆွတ်ခူးရေးနဲ့ ပတ်သက်လို့တော့မန်ချက်စတာ ယူနိုက်တက် ဟာ ဒီအဆင့်မှာ ကစားခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ၊ အားပေးသူ ပေါများလှတဲ့ နေရာမှာ ကစားရတာ ကောင်းပါတယ်၊ ဒီလို ပွဲစဥ်တွေ နေရာတွေက ကစားသမား တွေကို




စိတ်ဓါတ် တက်ကြွ စေပါတယ်၊ ကျွန်တော်တို့ အဆင်သင့် ရှိနေဖို့ လိုအပ်ပါတယ်၊ အခုတော့ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေကြပါတယ်၊ ဇန်နဝါရီပဲ ရှိသေးတာမို့ အောင်မြင််မှု အကြောင်း မပြောချင်‌သေးဘူး။ ဖေဖော်ဝါရီ ရောက်ရင်တော့




ဖလား ရနိုင် မရနိုင် စတင် သိမှာလေ၊ ကျွန်တော်တို့ အဲ့တာ လုပ်ရမယ်လို့ ရည်မှန်းချက် ထားပြီး ရှေ့ဆက် ရပါမယ်၊ အဲ့တာထက် ပိုပြီး အရေးကြီးတာက ဧပြီလမှာ အခြေ အနေ ကောင်းနေဖို့ပါ၊ ဖလား တစ်လုံးလောက် ဆွတ်ခူးပြီိး အဲ့လို အချိန်မှာ ရှေ့ဆက်ရတာ




ပိုကောင်းမယ်၊ ကျွန်တော့် ဘဝမှာ ဖလားဆွတ်ခူးဖို့ ကံပါ ခဲ့ပါတယ်၊ ဒါဟာ ပရိသတ်တွေ အတွက် ထူးကဲလွန်းတယ်လေ။ ဒီမှာရှိတဲ့ အသက်ကြီးတဲ့ လူတွေ အဲ့ဒီ အတွေ့အကြုံကို ပိုင်ဆိုင်ထား ခဲ့သူတွေပါ၊ ဒါပေမယ့် ဆုဖလားတွေ ထပ်မံ ရယူဖို့




မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ပျက်ကွက်နေတာ ကြာပါပြီ၊ အဲ့တာကို ကျွန်တော်တို့ သိပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ဖလား ဆွတ်ခူးနိုင်ဖို့ အလေးအနက် ထားပြီး ကြိုးစားနေပါတယ်။ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit