မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag အပေါ် သုံးသပ် ပြောဆိုလာတဲ့ အွန်နရီ

အာဆင်နယ် ကစားသမားဟောင်း သီယာရီ အွန်နရီ က မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ တစ်နှစ် အတွင်း ဆာအဲလက်စ် ဖာဂူဆန် ထက် ပိုပြီး စွဲမက်ဖွယ် ကောင်းတဲ့ ကစားဟန်ကို ယူဆောင်လာ လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ တနဂ်နွေနေ့က အမ်းမရိတ် မှာ အာဆင်နယ် နဲ့ ရင်ဆိုင်ခဲ့ရပြီး 3-2 နဲ့ ရှုံးနိမ့်ခဲ့ပါတယ်၊ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ် နဲ့ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင််းမှာ အာဆင်နယ် ကသာ ဖိအားပေး လွှမ်းမိုး ထားခဲ့တာ ဖြစ်ပါတယ်။




အွန်နရီ က သုံးနှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့တဲ့ အာတီတာ ရဲ့ အသင်းကို 6 လ သာ ကိုင်တွယ််ရသေးတဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ကောင်းကောင်း ယှဥ် ကစားနိုင်ခဲ့ကြောင်း ပြောဆိုခဲ့တာပါ၊ ဒါ့အပြင် အာဆင််နယ် ဟာ တစ်ပါတ်လောက် နားခွင့် ရထားပြီး




မန်ချက်စတာ ယူနိုက်တက် က 3 ရက် တစ်ပွဲ ကစားနေရတာ ဖြစ်ပြီး ဒီလို အနေအထား တရပ်နဲ့ ကစားနိုင်ခဲ့တာက ချီးကျူးရပါမယ်လို့ ပြောဆိုခဲ့ပါတယ်။ အွန်နရီ က- အာဆင်နယ် နိုင်လို့ ပျော်ပါယ်၊ သူတို့ ဒုတိယပိုင်း ကစားပုံက အနိုင်ရဖို့ ထိုက်တန်တယ််။




မန်ချက်စတာ ယူနိုက်တက် ကလည်း အဲရစ် တန်ဟက်ဂ် လက်အောက်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ၊ ရိုးရိုးသားသား ပြောပါရစေ ကျွန်တော်က အဲရစ် တန်ဟက်ဂ် ရဲ့ ပရိသတ်ပါ၊ သူ့ကို အရမ်းပဲ သဘောကျပါတယ်၊ ဘာစီလိုနာ ကိုးမန်း ကို ထုတ််ပယ်လိုက်‌တော့




အဲရစ် တန်ဟက်ဂ် ကို ခေါ်ဖို့ လာပေါ်တာကို တိုက်တွန်းခဲ့ ဖူးပါတယ်၊ သူက genius တစ်ယောက်ပါ၊ ဒီကနေ့ ကျွန်တော် 3 နှစ်အတွင်း တိုးတက်လာတဲ့ အသင်းနဲ့ 6 လ အတွင်း တိုးတက်လာတဲ့ အသင််းတွေကို မြင်တွေ့ခဲ့ ရပါတယ်။ ပြီးတော့ တစ်ပါတ်လောက်် အနားယူခဲ့ရတဲ့




အသင်းနဲ့ နှစ်ရက်ပဲ အနားယူခဲ့ရတဲ့ အသင်း ရင်ဆိုင်ခဲ့ကြတာမှာ သူတင်ကိုယ်တင် ကစားနိုင်တယ်၊ တကယ်ပဲ အံ့အားသင့် မိတယ်၊ ခင်ဗျားတို့ သူ့ကို အချိန် တစ်နှစ်ပေးပြီး စျေးကွက်ထဲမှာ ထောက်ပံ့ ပေးသင့်တယ်။




ဆာအဲလက်စ် ကို မလေးမစား လုပ်တာတော့ မဟုတ်ပါဘူး၊ အကယ်လို့ Erik သာ လိုချင်တာ ရရင် မန်ချက်စတာ ယူနိုက်တက် က ဆာအဲလက်စ် လက်အောက်ကထက် ပိုကောင်းတဲ့ ကစားပုံကို မြင်ရပါလိမ့်မယ်လို့ အွန်နရီ က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit